အပိုင်း [ ၂၃ ]

1.1K 64 8
                                    

နောက်တစ်နေ့မနက်ခင်းလင်းလေတော့ သူတို့သုံးယောက် မိုတယ်မှထွက်ကာ မနက်စာစားသောက်ပြီး ဟိုကောင်တွေရဲ့ စခန်းချရာဆီသို့ထွက်လာကြသည်။ မနေ့က သူအခြေအနေကြည့်ရသလောက် ဒီကောင်တွေက ပစ္စည်းတွေကို ဘယ်ကိုမှ ယူသွားခြင်းမရှိဘဲ နဂိုအတိုင်းသာထားလေသည်။ ‌သူတို့ကိုကြည့်ရတာ တစ်ယောက်ယောက်ကို စောင့်နေသလိုမျိုးဖြစ်တာကြောင့် သူ့ကို ဒီလိုအနှောင့်အယှက်ပေးရတဲ့ နောက်ကွယ်မှာ ဘယ်သူများရှိနေမလဲလို့ သူတွေးမိသွားသည်။

“ ဘနောင် မင်းနဲ့ငကျော်က ဟိုဖက်အပေါက်ကနေစောင့်ကြည့်ပြီးမှ ဝင်လာခဲ့ ၊ ငါအရင်သွားနှင့်မယ် ”

“ ဟုတ်ကဲ့ .. ဆရာ ”

ဘနောင်ကိုပြောစရာရှိတာပြောပြီးသည်နှင့်သူလည်း အရိပ်အခြေကြည့်ကာ အထဲသို့ဝင်ခဲ့လိုက်သည် ။ ဒီကောင်တွေက နေတဲ့နေရာရွေးတာတော့ သိပ်တော်သည်ဟုဆိုရမည်။ သူတို့ရဲ့ ဘေးဖက်တွေမှာ ဘာဆိုဘာမှသိပ်မရှိနေပေ။ ကျုပ်တို့တည်းတဲ့မိုတယ်နဲ့က နည်းနည်းတော့လှမ်းသေးသည် ။

အရှေ့ဖက်မှာကတော့ သဘော်တွေကမ်းဆိုက်ရာ ဆိပ်ကမ်းအကြီးတစ်ခုဘဲရှိနေသည်။ ကျန်တဲ့အရပ်လေးဖက်မှာတော့ လူနေတဲ့ အိမ်မျိုးတွေလည်းသိပ်မတွေ့ရပေ။ သူအထဲကိုဖြည်းဖြည်းချင်းဝင်သွားလေတော့ ဒီကောင်တွေက တစ်ယောက်ယောက်နဲ့ စကားပြောနေကြဟန်ရှိသည်။ ထိုအချိန်သူ့အနောက်ဖက်ကနေ ကြားလိုက်ရတဲ့ အသံတစ်ခု ....

“ မင်းက ငါထင်ထားတာထက်ပိုစောပြီးရောက်လာတာဘဲ ညို့မှိုင်းသစ် ”

သူအနောက်ဘက်ကိုလှည့်ကြည့်မိတော့ တွေ့လိုက်ရတာက သူမရင်းနှီးတာလား ၊ ဒါမှမဟုတ် မှတ်ညဏ်တွေဘဲ မကောင်းတာလားဆိုတာ သူကိုယ်တိုင်လည်းမသိတော့ပေ။ အာရုံထဲမှာ ပေါ်လာတဲ့ နာမည်တစ်ခု ...

“ မလွန်းချစ်နောင် ... ”

“ မှတ်မိသွားပြီဘဲ ... ၊ မိတ်ဆွေဟောင်းကြီးက ”

“ မင်းက ဘယ်လိုဖြစ်လို့ ... ”

“ မင်းသိလား ညို့မှိုင်းသစ် ၊ အဲ့နေ့ပြီးကတည်းက ငါသိပ်ချစ်ရတဲ့ သူနဲ့ ဝေးသွားခဲ့ရသလို ငါသိပ်ချစ်တဲ့ အိမ်ကနေပါ ထွက်သွားခဲ့ရတယ် ... ”

အယူခံဝင်မယ့်ချစ်ခြင်း [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]Where stories live. Discover now