အပိုင်း [ ၃၀ ]

1.6K 58 15
                                    

အရာအားလုံးဟာနေသားတကျနဲ့ သူ့နေရာနှင့်သူ တည်ရှိနေလျက်ရှိသည် ။ သို့ပေမယ့် အသက်အပေါ် သူ့ရဲ့မြတ်နိုးမှုတွေကတော့ တစ်နေ့ထက်‌တစ်နေ့ ပိုတိုးလို့လာလေသည် ။ ဒီနေ့လည်း သူတို့ရွာလေးနဲ့ တော်တော်ဝေးတဲ့ ရွာတစ်ခုမှာ သူ့အသိရဲ့ မဂ်လာပွဲကို သွားကြမည်ဖြစ်သည် ။ ဒါကြောင့် မနက်လင်းကတည်းက သူနဲ့အသက် ပြင်ဆင်နေတာဖြစ်သည် ။

“ မောင်ရေ .... မောင် .. ”

“ မောင်အခန်းထဲမယ် အသက်ရေ .. ”

သူအော်လိုက်သည်နှင့်အခန်းထဲကို အပြေးဝင်ရောက်လာတဲ့အသက်က ဆင်စွယ်ရောင် တိုက်ပုံလေးနှင့် အင်မတန်မှ ပနံသင့်လှသည် ။ မျက်နှာလေးကလည်း ဘာမှုံနံ့သာမှ မရေးခြယ်ရပါဘဲနဲ့ကို မှုံမှုံလေးနှင့် လှရက်သည် ။ စိမ်းပြာရောင်မျက်ဝန်းလေးတစ်စုံနှင့် ပန်းရောင်လေးသန်းနေသည့် နှုတ်ခမ်းပါးလေးတစ်စုံကတော့ သူ့အားနည်းချက်ပေါ့လေ ။ တကယ်ပါ အသက်က ယောင်္ကျားလေးတစ်ယောက်ဖြစ်နေသည့်တိုင် အင်မတန်ကို လှရက်နိုင်လွန်းသည် ။

“ မောင့် ! .... ”

သူငေးနေသည်မှာ ဘယ်လောက်တောင်ကြာသွားသည်မသိ။  စူပုတ်ပုတ်မျက်နှာလေးနှင့်အတူ ထွက်ပေါ်လာသော အောင့်သက်သက်အော်သံလေးကြောင့် သူ့ခမျာ ...

“ ဗျာ မောင့်အသက်ရေ ... ”

“ မောင်က ပြင်လို့ဆင်လို့မပြီးသေးဘူးလား ၊ ရိပ်တောင် ပြီးနေပြီကို ... ”

အော် သူပြောဖို့မေ့နေတာရှိသေးသည် ။ အသက်က အခုတလော သူ့ကိုစကားပြောရင် နှုတ်ခမ်းလေးက စူစူသွားတတ်သေးသည် ။ စကားတစ်ခါပြောတိုင်း အဲ့လိုပုံစံလေးဖြစ်ဖြစ်သွားတော့ စိတ်တွေမထိန်းနိုင်သည်မှာ ဒီကောင်ဘဲဖစ်သည်။ အခုလည်း သူ့ကို ပြင်ဆင်တာကြာလို့ရန်တွေ့နေသည်မှာ ကလေးငယ်လေးတွေအလိုမကျလျှင် ဖြစ်တတ်သောမျက်နှာထားလေးလိုပင် ။
ဟူး .... ခက်တယ်နော် ။

“ အွတ် ... ၊ အွန်း .... ပြွတ်စ် .... မောင် ... ”

နှုတ်ခမ်းလေးကို အပေါ်တစ်လှည့်၊ အောက်တစ်လှည့်စုပ်ယူကာ နမ်းလိုက်သည် ။ ခံတွင်းထဲသို့လျှာလေးကို အလည်တစ်ခေါက်သွားချင်ပေမယ့် အသက်က ခွင့်မပြုလေတော့ .... တစ်ချက်စုပ်ဆွဲပြီး ပြန်လွှတ်ပေးလိုက်တော့သည် ။ 

အယူခံဝင်မယ့်ချစ်ခြင်း [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]Tahanan ng mga kuwento. Tumuklas ngayon