အပိုင်း [ ၁၅ ]

1.4K 90 15
                                    

မနက်ခင်းရဲ့ နေရောင်ခြည်နုနုငယ်လေးတွေက ဟိုတစ်နေရာ ၊ ဒီတစ်နေရာ ထိုးပြီး ကျရောက်နေလျက်ရှိသည် ။ သူကတော့ ပြန်ဖို့ကို မနေ့ကတည်းက စိတ်လောနေတာကြောင့် ညကပင် ကောင်းကောင်း အိပ်မပျော်နိုင် ။ သူပြန်ရောက်သွားရင် အသက်က သူ့ကို ဘယ်လိုပုံမျိုးနဲ့များ ဆီးကြိုနေလိမ့်မလဲ ဆိုတာကိုတွေးတောပြီး သူ့မှာ စိတ်လှုပ်ရှားရသည်။

သူက (၃) ရက်လောက်ဘဲကြာမည်ဟု အသက်ကိုပြောထားခဲ့ပေမဲ့ အခုဆို ရက်သတ္တပတ်လောက်ကြာသွားပြီဖြစ်သည်။
အဆက်အသွယ်လုပ်ရအောင်လည်း ဘယ်လိုလုပ်ရမယ်မှန်း သူမသိချေ ။ စာဖြင့်ပို့လို့ရသော်ငြားလည်း အသက်ကို လွမ်းနေကြောင်း နှုတ်ကသာ ပြောချင်သည်မို့ ။

ဒေါက်... ဒေါက် ။

" ဦးမှိုင်း ... မနက်စာစားရအောင် "

" ဟုတ်ပြီ .. ငါဆင်းလာခဲ့မယ် "

" ဟုတ် "

√•√•√•√

အိမ်အောက်ထပ်ကိုရောက်တော့ မနက်စာစားဖို့ ထမင်းဝိုင်းမှာ အားလုံးပြင်ဆင်ထားပြီးသားပင်။  ခမ်းချစ် နဲ့ သွေးလေး ကလည်း အဆင့်သင့် စောင့်နေကြသည် ။

" ရထားက ဘယ်အချိန်လည်း "

" ၁၀ တစ်ချက်ထိုးမှပါ ၊ လိုပါသေးတယ် ညို့မှိုင်းရဲ့ "

" ငါက မမှီမှာဆိုးလို့ဟ "

" ကဲ မနက်စာစားရအောင် ၊ ဒီနေ့ မုန့်ဟင်းခါးချက်ခိုင်းထားတာ ကိုယိ့ကလေးလေး အကြိုက် "

" ဟီး ခမ်းက အကောင်းဆုံးဘဲ "

အဟမ်း ၊ အဟွတ် ။

" ဦးမှိုင်း ချောင်းဆိုးပျောက်ဆေးသောက်ဦးမလား  ၊ ကျုပ်ယူပေးမယ်လေ "

" ရတယ် ... မလိုဘူး ၊ ငါနေကောင်းတယ် "

" မသိပါဘူး ငါက မင်း ပန်းနာရင်ကြပ်များဖြစ်နေတာလားလို့ "

" ဒီခွေးသားကတော့ ... "

" ဟား... ဟား "

" စားရအောင်လေ ခမ်း ၊ တော်ကြာ မုန့်ဖတ်တွေပွကုန်လိမ့်မယ် "

" ကောင်းပါပြီဗျာ "

•√•√•√

စားသောက်ပြီးသွားတော့ အထုတ်အပိုးတွေကို ကားပေါ်တင်ရင်း ဟို ချစ်ကြည်နူးတစ်တီတူးနှစ်ယောက်ကို ရပ်စောင့်နေလိုက်တယ် ။ ခဏအကြာတော့ အပေါ်ထပ်ကနေ ဆင်းလာတဲ့ နှစ်ယောက် ...

အယူခံဝင်မယ့်ချစ်ခြင်း [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]Wo Geschichten leben. Entdecke jetzt