Epi 7 (Ending)

407 17 70
                                    

#unicode

သူတို့ချစ်သူနှစ်ဦးအတွက် cruise သဘော်ကြီးပေါ်ကအိပ်ဆောင်ခန်းလေးက ချစ်ဗိမာန်သက်သက်ဖြစ်လာခဲ့တယ်။
Luxor မြို့ကမ်းမဆိုက်ခင်တညမှာ...
သူမ..သူ့ရင်ခွင်ထဲမှာအိပ်မောကျနေတုန်း

''ဟင့် အင့်...''

''Em..ချစ်..Em..ယောင်နေတာလား??''

Em, Petch ရင်ခွင်ထဲမှာအိပ်ရင်းအိပ်မက်မက်ယောင်နေသလိုတသိမ့်သိမ့်ရှိုက်ငိုလို့...
''ချစ်..ဘာဖြစ်တာလဲ အိပ်မက်ဆိုးတွေမက်နေတာလား..??''

Petch ကသူမကိုယ်လေးကိုလှုပ်နှိုးတော့သူမမျက်တောင်လေးတော့ပုတ်ခတ်ရင်းမျက်လုံးလေးတွေပွင့်လာတယ်..သူမအိပ်ပျော်ရင်းငိုနေတာလား?
''ဟုတ်တယ်..အိပ်မက်ကတကယ်လိုပဲ ခံစားရတယ်..''

Petch က Em အတွက်သောက်ရေအေးအေးလေးတခွက်ဌဲ့ပေးရင်းတိုက်လိုက်တော့..သူမရေကိုသောက်ပြီးမှ..

''ဒီ လက်ကောက်လေးကိုဝယ်ပြီးမှ ဒီအိပ်မက်ပဲဆက်တိုက် မက်နေတာနှစ်ညရှိပြီ..''
Emmy က သူမရဲ့ ရှေးဟောင်းအီဂျစ်ညစျေး night bazzar ကဝယ်လာတဲ့ကြေးဝါလက်ကောက်လေးကိုပြရင်းပြောတော့..

''ချစ် စိတ်စွဲလို့နေမှာပါ...''

Em ဘာမှတော့ဆက်မပြော..အင်းလေ သူမအိပ်မက်ကစိတ်စွဲလို့မက်တာနေမှာပါ။ ပြီးတော့စျေးသည်ဦးလေးကြီးပြောလိုက်တဲ့စကားကိုလဲစိတ်စွဲသွားလို့ဖြစ်ပါလိမ့်မယ်
သူမ..ချစ်သူ Petchရင်ခွင်ထဲ ပြန်တိုးဝင်ကာ ပြန်အိပ်ဖို့ခက်ပေမဲ့လဲ ကြိုးစားမျက်စိမှိတ်ရင်း...
မနက်မိုးသောက်တော့...အရှေ့ဆီကရောင်နီလင်းလုပြီ။ သူမအစောကြီးနိုးနေမဲ့အတူတူ သဘော်ကုန်းပတ် ဝရန်တာမှာလက်ထောက်ရင်း..Nile မြစ်ရေပြင်ကိုငေးကြည့်လိုက် ကမ်းတလျှောက်အစီရီ မြင်နေရတဲ့ပိရစ်မစ်တွေကိုငေးရီကြည့်လိုက်။
ထို့နောက်မှာတော့ သူမလက်မှာဝတ်ထားတဲ့ကြေးဝါလက်ကောက်လေးကိုချွတ်ကာ..မြစ်ရေပြင်ထဲသို့ လွှဲပစ်လိုက်ဖို့ပြင်လိုက်ရင်း

''တောင်းပန်ပါတယ် ဖရီရှာ..ငါမင်းလိုမဖြစ်ချင်လို့ပါ...''

သူမဖာသာတိုးတိုးလေးရေရွတ်လိုက်တယ်။ နောက်သူမလက်ကောက်လေးကို
လွှင့်ပစ်မယ်အလုပ်...
ဒီအချိန်..သူမနောက်ကနေသူမကိုယ်လေးကိုသိုင်းဖက်လာတဲ့..သူ..Petch! သူမလက်ကောက်လေးကိုမပစ်မိတော့ပါ။

Love Needs No Language (Normal/OC)Where stories live. Discover now