Epi 5 🔞

1.2K 10 76
                                    

#uni

Warning လေးကတော့မဆိုစလောက်လေးနဲနဲမှောင်မယ်လို့ 🚫

*****

Petch မနိုးခင်သူ့နှာခေါင်းထဲကိုမွှေးပျံ့ရဟင်းရနံသင်းသင်းလေးရတယ်။ သူလေးလံနေတဲ့မျက်ခွံတွေကိုအားယူဖွင့်ကာပွတ်သပ်လိုက်ပြီးနံရံကပ်နာရီကိုကြည့်တော့မနက်၉နာရီခွဲ... သူလဲ flight မလိုက်ရပဲအခုလို ခွင့်ရက်ရှည်ရလိုက်ကတည်းကအိပ်ချင်တိုင်းအိပ်နေတာမနက်မနက်ဆို အချိန်တွေတောင်ဘယ်လောက်ရှိနေမှန်းမသိ။

''Khun နိုးပြီလား..လက်ကဒဏ်ရာသက်သာရဲ့လား? အရမ်းနာနေသေးလားဟင်..?''

Emmy က အဖြူရောင် Shirt အကျီပွပွနဲ့ ကာကီရောင်ဘောင်းဘီတိုလေးကိုအိမ်နေဝတ်ဆင်ထားတယ်။ ကပိုကရိုအိမ်မှာနေနေတဲ့ပုံလေးကတောင်ဒီလောက်ချစ်စရာကောင်းလွန်းနေတာ သူ့အိမ်ရှင်မသူ့အိမ်သူသက်ထားဇနီးအလှလေးကျနေတာပဲ။

သူမက မီးဖိုထဲကနေအငွေ့တထောင်းထောင်းနဲ့ဟင်းရည်ပူပူလေးတခွက်နဲ့အတူထမင်းပူလေးကိုဗန်းလေးနဲ့
ထည့်ကာယူလာရင်း Petch ရှေ့က စားပွဲပေါ်ချပေးလိုက်တယ်။
''ကျမ အကောင်းဆုံးတော့ကြိုးစားပြီး ချက်ထားတာပဲ..ကောင်းပါ့လားတော့မသိဘူးhehe..khun ပြောတော့ Korean အစားသောက်ကြိုက်တယ်ဆိုလို့..''

Petch လှဲအိပ်နေရာကနေ ထိုင်လိုက်ပြီး သူမပြင်ဆင်ထားပေးတဲ့မနက်စာကိုကြည့်တော့ရေခဲသေတ္တာထဲရှိတာလေးတွေနဲ့အဆင်ပြေအောင် Korean ရေညှိဟင်းရည်နဲ့ထမင်းကြော်လုပ်ပေးထားတာ စားသောက်ချင်စဖွယ်လေးပါပဲ။

''အပင်ပန်းခံလို့ Em ရယ်..food delivery မှာလိုက်လဲရတာပဲကို..''

''ohh Khun နော်ကျမချက်ထားတွေမစားချင်လို့လား.. ကျမက Khun စားစေချင်လို့သက်သက်ချက်ပြုတ်ထားတာကို..''Em ကနှုတ်ခမ်းလေးစူရဲ့ပြောတော့..သူမအထင်လွဲငြိုငြင်မှာကိုPetchမလိုလား။

''မဟုတ်ရပါဘူး Em ရယ်..ကိုယ်က Em ပင်ပန်းမှာစိုးလို့..ဧည့်သည်ကိုအိမ်ရှင်ကပြန်ခိုင်းနေရတာ..ဟုတ်မှမဟုတ်ပဲ..ကိုယ့်လက်ဒဏ်ရာကလဲနဲနဲနာနေသေးတော့မချက်နိုင်သေးလို့ပြောလိုက်မိတာ..''

''ရှင်က ကျမကို ဧည့်သည်လို့မြင်နေတုန်းပဲလား Khun..?''
Emmy ရဲ့ ပြုံးစစမျက်နှာလေးနဲ့မခိုးမခန့်အမေးလေးကြောင့် Petch စောစောစီးစီး ရင်ခုန်သံတွေမြန်ရပြန်တယ်။
''ကိုယိ့အနားမှာအမြဲရှိပေးနိုင်မလား Em..ဒါဆို..ကိုယ်မင်းကို အိမ်ရှင်အဖြစ်သဘောထားမယ်လေ..''
Petch ရဲ့အနှောင့်သွားမလွတ်တဲ့အမေးကြောင့် Emmy ရှက်စနိုးလေးပြုံးလေရဲ့.. သူမနဲ့သူ မနေ့ညကဖလှယ်ခဲ့တဲ့အနမ်းလေးအကြောင်းခေါင်းထဲရောက်လာတိုင်း..

Love Needs No Language (Normal/OC)Where stories live. Discover now