Epi 6

239 8 37
                                    

(A/N ဒီအပိုင်းမှာ Egypt ခရီးစဥ်အကြောင်းနဲနဲပြောတော့ ခရီးသွားမှတ်တမ်းလိုဖြစ်သွားရင်ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဒီကြားထဲချစ်သူတို့သဘာဝကျီစယ်ပြီး ro ကြတာလေးတော့တတ်သလောက်မှတ်သလောက်ထည့်ထားပါတယ်လို့😅😆)

****
ပထမဆုံးရောက်တဲ့နေ့မှာပဲ Egypt အီဂျစ်
ပြည်ရဲ့ မြို့တော်, Cairo ကိုင်ရို မြို့အနှံ့ tour လှည့်ကြတာပေါ့။ သူတို့ရောက်သွားတဲ့အချိန် Egypt ပြည်ရာသီဥတုက မအေးလွန်းမပူလွန်း..(Egypt က ကန္တာရလွင်ပြင်ဒေသဆိုပေမဲ့အပူဆုံးရာသီဥတုအချိန်တောင် 35°C အများဆုံးနဲ့ အေးတဲ့အချိန်တွေဆို12°C လောက်ပဲရှိသတဲ့😱 woah amazing ပါနော်)

ထိုနေ့အဖို့ ကိုင်ရိုမြို့က အထင်ကရ ပိရစ်မစ်တွေရှိရာ Giza, Sakkara, Dahshur နဲ့ Memphis စသဖြင့်နေရာတွေလျှောက်လည်ကြတယ်။
Cairo မှာပဲ စိတ်လှုပ်ရှားစရာကောင်းတဲ့Giza က မဟာ ပိရစ်မစ်, Sphinx ရုပ်တုရှိရာဆီ...Sakkara ဂူသချိုင်းတွေရှိရာအရပ်တို့ကို ကုလားအုပ်တွေ စီးပြီးလျှောက်ပတ်ကြည့် ပြန်တယ်။ ဓာတ်ပုံတွေကတော့ရိုက်ဖြစ်ကြတာ မင်းသမီးမင်းသားရှုံးတယ်... ပိရစ်မစ်ဂူသချိုင်းတချို့ကတော့
အပြင်ကသာလေ့လာလို့ရသလိုတချို့ကတော့ဝင်ကြည့်လို့ရပေမဲ့အတွင်းထဲ ဓာတ်ပုံရိုက်ခွင့်မရှိ။ အတွင်းထဲဝင်လို့ရတဲ့ဂူတွေဆိုနံရံကဆေးရေးပန်းချီတွေ.. ရေးသားထားတဲ့ရှေးအက္ခရာစာလုံးတွေ...
သူမကစိတ်အားတက်ကြွစွာလျှောက်သွားနေတော့..Petch သူ့ချစ်သူလေးချော်လဲကျမှာစိုးရိမ်တာမို့

''ချစ်...ပြုတ်ကျမယ်ကွာ..ကိုယ့်လက်ကိုဆွဲထား...မလွှတ်နဲ့... '''

''ကို ကချစ်ကိုစိတ်ပူတာလား...''

''ပူတာပေါ့...ချစ်နော်...''
ဒီလိုနဲ့ သူမက သူ့လက်ကိုခဏလေးတောင်လွှတ်ထားခွင့်မရှိ။ အမြဲလက်ချင်းတွဲထားရတယ်။ သူမကိုစိတ်ပူစိုးရိမ်တတ်ပြီးကဲပိုသဲပိုလွန်းတဲ့ချစ်သူကောင်လေးပါပဲ...(FA မတွေငိုဇမ်းးး🙃🙂)

ထို့နောက်ဆက်ပြီး
ကုလားအုပ်စီးရင်းတနေရာကတနေရာကို လျှောက်လှည့်ကြည့်ရတဲ့ camel tour ကအင်မတန်ပျော်စရာကောင်းသလို ရင်ခုန်စရာလဲကောင်းတယ်...
Emmy က ကုလားအုပ်စီးနေရင်းတဖက်ကချစ်သူဖြစ်သူ Petch ကိုလှည့်ပြောတယ်။

Love Needs No Language (Normal/OC)Where stories live. Discover now