Part 2 Unicode

217 8 0
                                    

တီ..တီ...တီ....

"ဟယ်လို ''

"ဆရာမ ကျွန်မက ကြယ်စင်ရဲ့အမေပါ'

"ဟုတ်ကဲ့ အမ ဘာဖြစ်လို့လဲမသိဘူး ''

"ဒီလိုပါ အမတို့လင်မယားအလုပ်ကိစ္စခရီးသွားရမှာ သမီးလည်းကျောင်းပိတ်တော့ခေါ်သွားမို့ စာမေးပွဲမဖြေခင်လေး  အဲ့တာ ဒီနေ့နဲ့မနက်ဖြန် ကျူရှင်ပိ​တ်ပေးလို့ရမလား ဆရာမ''

"ရပါတယ် အမရဲ့ သမီးလေးကို ခဏလောက်ဖုန်းပေးပေးလို့ရမလားဟင်''

"ရပါတယ် ဆရာမ​ ပေးပေးမယ်နော် သမီးကြယ်စင်ရေ ဆရာမပြောမလို့တဲ့''

"ဟုတ် တီချယ်''

"သမီး ခရီးသွားတာကသွားလို့ရတယ် ဒါမယ့် ခရီးသွားတဲ့နှစ်ရက်မှာလည်း ဆရာမပေးထားတဲ့ paragrapghအသံဖိုင်ကို နားထောင်တာတော့ပျက်လို့မရဘူးနော်''

"ဟုတ်ကဲ့ တီချယ် သမီးလည်း ယူသွားမှာပါ''

"အွန်း ဒါဆို ဆရာမဖုန်းချလိုက်ပြီနော်''

"ဟုတ်ကဲ့ တီချယ် ခရီးကပြန်လာရင် တီချယ်အတွ့က် လက်ဆောင်ဝယ်လာခဲ့မယ်''

"ဟုတ်ပါပြီရှင့်''

ကြယ်စင်ကို သင်စရာမရှိဘူးတော့ ဒီမနက် ငါအားတာပဲ ကလေးတွေကို ဒီလအတွက်ဆုမပေးရသေးဘူး အဲ့အတွက်သွားဝယ်ရမယ် အားတုန်းလေး

"သမီးလေး ဘယ်သွားမို့လဲ အစောကြီးပဲ''

"ဒီနေ့ကြယ်စင်က ခွင့်ယူတယ်လေ ဒါကြောင့်သမီး ဒီလအမှတ်ကောင်းတဲ့ဆရာလေးတွေအတွက် ဆုသွားဝယ်မို့ ''

"အော် အင်း အင်း သမီးသွား''

"ဟုတ်မေမေ ဘာမှာအုံးမလဲဟင် ''

"မှာစရာမရှိပါဘူး သမီးရဲ့ သမီးအဖေပြန်လာမှ မေမေသူ့မေးကြည့်မယ် သူလိုအပ်တာရှိရင် ဖုန်းဆက်လိုက်မယ် ''

"ဟုတ်ကဲ့ မေမေ ဒါဆို သမီးသွားတော့မယ်နော်''

"အင်း''

ရတီတစ်ယောက်လည်း အိမ်က ထွက်လာခဲ့သည်

"သား အစောကြီး မင်းဘယ်သွားမို့လဲ''

"သား သူငယ်ချင်းတွေနဲ့သွားတွေ့မို့ပါ ဖေဖေ''

"အော် အင်း ပြီးရော အိမ်ကို စောစောပြန်လာနော်''

ကျွန်တော့်မေမေချစ်သောကောင်မလေးWhere stories live. Discover now