Part 3 Unicode

198 6 0
                                    

"အော် ကျွန်မက ရှင့်ကို crushနေတဲ့သူ ဟုတ်လား ဒါဆို ဘယ်မာန်ကောင်းကင်ဆိုတဲလူကများ ကျွန်မအိမ်ကို သူ့မိဘတွေခေါ်လာပြီး ကျွန်မကို လက်ထပ်ပါရစေလို့ စကားလာကမ်းလှမ်းတာလဲ မသိဘူးနော်''

"အဲ့တာကတော့ ငါကပိုက်ဆံရှိလို့ ငါ့အမေကို မင်းတမင်တကာချုပ်ပြီး ငါ့ရဲ့မိန်းမဖြစ်ဖို့ ကြံစည်နေတဲ့ မင်းကြောင့်ပဲလေ ''

"ရှင်​.....''ဆိုပြီး ရတီဒေါသထိန်းချုပ်မရပဲ မာန်ကောင်းကင် ပါးပေါ်မရောက်ခင်

ဖြန်း....

ရတီ မာန်ကောင်းကင် ချယ်ရီ သုံးယောက်စလုံး အံ့သြသည့်ပုံစံဖြင့် လက်ပိုင်ရှင်ကို ကြည့်လိုက်ရာမာန်ကောင်းကင်၏ အမေဖြစ်သူ ဒေါ်ရတနာပင်ဖြစ်သည်

"မင်း လိုက်ခဲ့''ဆိုပြီး ဦးမာန်ရှိန်က သူ့သားကို ခေါ်သွားသည်

ဒေါ်ရတနာကလည်း 'ရတီ သမီး အန်တီတို့နဲ့ ခဏလိုက်ခဲ့ပေးပါ'ဆိုပြီး လက်ဆွဲခေါ်သွားတဲ့အတွက် ရတီတစ်ယောက်လည်း ဒေါ်ရတနာနောက် ​ပါသွားခဲ့သည်

လူမြင်ကွင်းမှာ ကျန်နေခဲ့သူကတော့ ချယ်ရီပဲ ဖြစ်သည်

မာန်ကောင်းကင်နဲ့ရတီတို့ ဒေါ်ရတနာတို့လင်မယားနှစ်ယောက်ခေါ်ရာနောက်လိုက်ရင်း ဒေါ်ရတနာအိမ်သို့ ရောက်လာသည်

ဦးမာန်ရှိန်ကတော့ အိမ်ရှေ့ရောက်တာနဲ့

"မာန်ကောင်းကင် မင်း ကားပေါ်ကဆင်း ''
ဟု ပြောရျ် မာန်ကောင်းကင်တစ်ယောက် သူ့အဖေနောက်လိုက်သွားသည်

ဒေါ်ရတနာက'သမီးလေး ဘာမှမဖြစ်ဘူး လိုက်ခဲ့နော် အန်တီ့သားနဲ့သမီးကြား ပြသာနာလေးတွေ ဖြေရှင်းပေးမို့ပါ''ဆိုရျ် ရတီလည်း အိမ်ပေါ်လိုက်လာခဲ့သည်

ဧည့်ခန်းထဲရောက်တာနှင့်

"သားမိုက်.... ငါတို့က မျိုးရိုးဂုဏ်နဲ့နေလာတာကွ မင်းကြောင့် ငါတို့မျိုးရိုးနာမည်အပျက်မခံနိုင်ဘူး မိန်းကလေးတစ်ယောက်ကို လက်ထပ်ဖို့ ကမ်းလှမ်းပြီးမှတော့ ရှိသမျှအဆက်ဟောင်း ဖျက်ထားမှပေါ့ အဆက်ဟောင်းကို မဖျက်နိုင်ဘူးဆိုလည်း ခေါင်းမငြိမ့်နဲ့ပေါ့ အခုတော့ကွာ မိဘမျက်နှာအိုးမည်းသုတ်တဲ့ကောင်''ဟုဟောက်သံနှင့်အတူ မာန်ကောင်းကင် မျက်နှာပေါ် လက်သီးတစ်ချက်ဝှေ့သွားသည်

ကျွန်တော့်မေမေချစ်သောကောင်မလေးWhere stories live. Discover now