Part7 Unicode

244 8 0
                                    

"အော် ဟုတ်လား မိုက်တာပေါ့''ဟု မာန်ကအလိုက်သင့်ပြောပေးလိုက်သည်

သို့သော်ရတီ့ဒေါ်ဒေါ်ကတော့ ကြွားလုံးထုတ်ခန်းကိုမရပ်နိုင်သေးပေ 'ဟုတ်တယ်သားရဲ့ အန်တီ့သားမက်က တစ်လ၁၀သိန်းရတယ်လေ ဒီခေတ်ကြီးမှာ ဆရာဝန်တောင်မှ အဲ့လောက်ရဖို့ မလွယ်လှဘူး ဒေါ်ဒေါ် သားမက်ရကံကောင်းတယ် ပြောရမှာပေါ့''ဟု ထပ်မံပြောနေပြန်တော့သည်

ရတီကတော့ သူ့အဒေါ်မျက်နှာကြည့်ပြီး သက်ပြင်းအကြိမ်ကြိမ်ချနေမိသည်

မာန်ရဲ့အဖေကဘာမှဝင်မပြောပေမယ့် ဒေါ်ရတနာကတော့ ရတီ့မျက်နှာအကဲခတ်ပြီးနောက်
"သားမာန် မင်းတို့ကုမ္ပဏီက မန်နေဂျာကိုတောင် လစာဒီလောက်ပေးတယ်ဆိုတော့ မင်းတို့နှစ်ယောက်တော်တော်မြတ်နေမှာပဲ မကြာခင်မင်းက ဆရာဝန်လုပ်မစားပဲ စီးပွားရေးဘက်လှည့်တော့မို့လား''ဟု သူ့သားကို မေးသလိုနှင့် ကြွားလုံးထုတ်နေသော ရတီ့ဒေါ်ဒေါ်ကို ပြန်လည်ချေပလိုက်သည်

ရတီ့ဒေါ်ဒေါ် အနည်းငယ်တော့ မျက်နှာပျက်သွားလေသည်

သူ့အမေကထပြောလိုက်သည်မို့ မာန်လည်း ​မနေသာတော့ပဲ
''မဟုတ်ပါဘူးမေမေရယ် သားလည်း ကိုခန့်နဲ့သိပ်မတွေ့ဖြစ်တော့မသိဘူးမေမေရဲ့ သူကပဲအချိန်မှန်မှန်ဘဏ်ကဒ်ထဲ အမြတ်တွေထည့်ပေးနေတာ'ဟု ထပြောလိုက်ကာမှ

ရတီ့ဒေါ်ဒေါ်နှုတ်က'ရှင်'ဟု ထွက်သွားပြီး တအံ့တသြဖြစ်နေလေသည်

မာန့်အဖေကဝင်ပြီး''ဟုတ်တယ် ညီမရဲ့ မာန်ကုမ္ပဏီက မာန်နဲ့သူ့သူငယ်ချင်းကောင်လေးနှစ်ယောက်ပေါင်းပြီးထောင်ထားတာလေ သူ့သူငယ်ချင်းကအရည်အချင်းရှိရှာတယ် ဒါမယ့်အရင်းအနှီးမရှိတော့ မာန်ကပဲထုတ်ပေးတယ် ဒါမယ့်သူက အခုထိမာန့်ကို သူဋ္ဌေးတစ်ယောက်အနေနဲ့ထားပေးတယ် အမြတ်တွေကို အမြဲပေးတယ်လေ''ဟု ဝင်ပြောလိုက်တော့

ရတီ့ဒေါ်ဒေါ်လည်း ရှက်ရမ်းရမ်းပြီး ''အော် ဟုတ် ညီမတို့လည်း အိမ်ပြန်လိုက်အုံးမယ်နော် သမီးနဲ့သားလေးက pre wedding photoရိုက်မို့''
ဟူ ပြောပြီး သူ့သားမက်နဲ့သမီးကိုထရျ် အိမ်ပြန်ဖို့မေးငေါ့ပြနေလေသည်

ကျွန်တော့်မေမေချစ်သောကောင်မလေးWhere stories live. Discover now