Part6 Unicode

182 6 0
                                    

"ဒါဆို ဆရာလေးရယ် သွားခွင့်ပေးပါအုံး''ဟု အဖွားကပြောတော့

ရတီကလည်း 'ဟုတ်ကဲ့ အဖွား သွားကြမယ်လေ'
ဟု လှည့်ပြန်မယ် အလုပ်

"ခဏနေပါအုံး ကိုယ်လည်းdutyချိန်ပြီးပြီ ရတီ ပြန်လိုက်ပို့ပေးပါ့မယ်''

အဖွားရှိနေတာကြောင့် ရတီလည်း ငြင်းမနေတော့ပဲ 'ဟုတ် 'လို့ ပြောပြီး လှည့်ထွက်လာခဲ့သည်

ရတီနဲ့သူဆေးရုံခန်းထဲက တူတူထွက်လာတော့ ဆေးရုံတစ်ရုံလုံးမှာရှိတဲ့ သူနာပြုတွေ ဆရာဝန်တွေအားလုံးက ရတီ့ကို အားကျသည့်မျက်ဝန်းမျိုးဖြင့် ငေးနေကြသည်

တချို့လူနာတွေကတော့ လိုက်ဖက်ကြောင်းပြောနေကြသည်

ကျောင်းစိမ်းဝတ်စုံလေးဝတ်ဆင်ထားပြီး ဆံထုံးလေးထုံးထားတဲ့ဆရာမလေးနှင့် ပုဆိုးလေးနဲ့အင်္ကျီလက်ရှည်ကို တံတောင်ထိခေါက်ထင်ထားတဲ့ ဆရာဝန်လေးကလိူက်ဖက်လွန်းလှသည်

ကောင်လေးရဲ့ဆရာဝန်ဂုဏ်ပုဒ်မှန်းမသိသူ မိန်းကလေးများကတောင် ငေးမောနေရသည့် သူတို့နှစ်ယောက်

ရတီကတော့လူတွေကဝိုင်းကြည့်နေကြရျ် ရှက်နေရသည်

အဖွားကို သွားပို့ပြီးတော့ ရတီကနောက်ခန်းမှာပဲဝင်ထိုင်မို့ ကားတံခါးဖွင့်လိုက်တော့

မာန်က''ဘာလို့ နောက်ခန်းမှာ ထိုင်မှာလဲ အရှေ့မှာလာထိုင် မသိတဲ့သူဆို ငါက driverကျနေတာပဲ'' ဟု ပြောလိုက်တဲ့စကားကြောင့် ရတီစိတ်ထဲရယ်ချင်သွားပေမယ့် ရယ်လို့မဖြစ် မာနနှင့်ထိန်းထားရသည်

သူပြောတာကြောင့် ရတီလည်း ကားရှေ့ခန်းသို့ ဝင်ထိုင်လိုက်သည်

"မင်း ကျူရှင်သင်စရာမရှိဘူးမလား ငါပြောစရာရှိလို့ အဲ့တာအားတယ်မလား''ဟု မာန်ပြောတော့ ရတီလည်း

"အင်း ကျွန်မလည်း ရှင့်ကို ပြောစရာရှိတယ်''

"ဒါဆို ရှေ့က coffeeဆိုင်မှာ ရပ်လိုက်မယ်''ဟု ပြောပြီး coffeeဆိုင်မှာကားရပ်လိုက်သည်

ရတီတို့နှစ်ယောက် ဆိုင်မှာထိုင်လိုက်ပြီဆိုတာနှင့်
Waiterကရောက်လာပြီး
"ဘာမှာမလဲ ခင်ဗျ''

ကျွန်တော့်မေမေချစ်သောကောင်မလေးWhere stories live. Discover now