Part 4 Unicode

170 5 0
                                    

"ဟယ်လို''

"ချယ်ရီ မောင့်ကို မနက်ကကိစ္စ စိတ်ဆိုးနေတာလား မောင်ရှင်းပြပါ့မယ် စိတ်မဆိုးပါနဲ့နော်''

"မဆိုးပါဘူး ချယ်ရီက ဒါမယ့် လူကြားထဲမှာ ချယ်ရီတစ်ယောက်ထဲကျန်ခဲ့တော့ ကြောင်အမ်းအမ်းတော့ ဖြစ်တာပေါ့လို့ ဒါမယ့် မောင်က ညနေဂျူတီရှိလို့ လှမ်းဖုန်းဆက်မမေးတော့တာ''

ဟွန့် လူကို ခုမှလာချော့နေတယ် နင်ကပိုက်ဆံရှိနေလို့ ပြီးတော့ ငါ့ကိုအတင်းကပ်နေတဲ့သံယော
ဇဥ်ဆိုတာလေးကြောင့် နင့်ကိုသနားလို့ အလိုက်
သင့်နေပေးတာဟု ချယ်ရီတစ်ယောက် နှုတ်ကစကားနှင့် စိတ်ကတွေးနေတာမှာ တခြားစီ

"သိပါတယ် ကိုယ့်ချယ်ရီလေးက ကိုယ့်ကိုနားလည်ပေးတယ်ဆိုတာ မနက်ကချယ်ရီတွေ့တယ်ဆိုတဲ့ ကောင်မလေးက ဖြိုးရတီ ကိုယ့်မိဘတွေကို သူကချုပ်ထားတော့ ကိုယ်နဲ့သဘောတူနေတာ ဒါမယ့် ကိုယ်ကချယ်ရီ့ကိုပဲချစ်တာ သိတယ်မလား ''

"အော် ဟုတ်လား မောင်''ဟု အသံက စိတ်ပူတဲ့သံထွက်နေပေမယ့် စိတ်ထဲမှာတော့ သွားပေါ့ နင့်လိုလူက အဲ့လိုလူတွေနဲ့ပဲ ညားသင့်တာ နင်မရှိရင်တောင် ငါ့ကိုကမ်းနေမယ့် လက်တွေအများကြီး

"ဟုတ်တယ် ဒါမယ့်စိတ်မပူနဲ့ ချယ်ရီ ကိုယ်ဖေဖေတို့မေမေတို့နဲ့ကိုယ် သဘောတူညီချက်လုပ်ထားတယ် အဲ့တာချယ်ရီနိုင်ရင် ကိုယ်နဲ့ချယ်ရီကို ကိုယ့်မိဘတွေက သဘောတူမှာ ဒါကြောင့်မနက်ဖြန်၉နာရီ အဆင်သင့်ပြင်ထားနော် ကိုယ်လာခေါ်မယ် ကိုယ့်အတွက်ချယ်ရိီ ပြိုင်ပေးနိုင်တယ်မလားဟင်''

"အွန်း မောင့်အတွက်ဆို ချယ်ရီပြိုင်ပေးပါ့မယ်''ဟု နှုတ်က ချိုသာစွာပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ ဖေဖေသဘောတူတဲ့သူဋ္ဌေးတွေက ရုပ်ဆိုးတော့ သူတို့လောက်မချမ်းသာပေမယ့် ရုပ်ချောတဲ့နင့်ရလည်း အမြတ်ပဲလေ

"ဒါဆို ဖုန်းချလိူက်တော့မယ်နော် good night ချယ်ရီ''

"ဟုတ် good night မောင်''

"အော် ဒါနဲ့ချယ်ရီ ​မနက်ကျ ကိုယ်ကရတီဆိုတဲ့တစ်ယောက်ကို အပြစ်ပြောရင် ချယ်ရီကနည်းနည်းကာပေးလိုက်နော် သူ့ဘက်က ဒါမှချယ်ရီက သဘောထားကြီးကြောင်း မေမေသိမှာ''

ကျွန်တော့်မေမေချစ်သောကောင်မလေးWhere stories live. Discover now