3

1.6K 288 30
                                    

For Unicode

ဝေ့ကာ ဝဲကာ လွင့်နေသော ခန်းဆီးစသည် ပြတင်းဘောင်ကို ရိုက်ခတ်သဖြင့် တဖတ်ဖတ်မြည်နေလေရာ အိပ်ရာပေါ် ၀မ်းလျားထိုးမှောက်ကာ စာရေးနေသော ဆော့ဂျင်တစ်ယောက် စိတ်အနှောင့်အယှက် ပြင်းစွာဖြစ်ရတော့သည်။

ထို့ကြောင့် ကုတင်ပေါ်မှ လူးလဲထရင်း ထိုခန်းဆီစနှစ်စအား အပေါ်ကြိုးတန်းပေါ် လိပ်တင်လိုက်ပြီး ခပ်ဟဟ ဖြစ်နေသော ပြတင်းနှစ်ချပ်ကို တွန်းဖွင့်လိုက်၏။

လင်းခနဲ ၀င်လာသော နေရောင်ခြည် ကြောင့် စူးသွား‌သော မျက်လုံးအစုံဟာ ဝေဝါးသွားရကာ လက်ဖြင့် အသာအယာပွတ်သပ်လိုက်ရသည်။

အား....ဒီနေရောင်ကတော့!

မကျေမလည် နေရောင်ကိုပင် အပြစ်တင်လိုက်ပြီး အိပ်ယာပေါ်ပြန်တတ်ဖို့အလုပ် တစ်ဖက်ခြံ၏ အိမ်အပေါ်ထပ်မှ သူရှိရာ ကြည့်နေသော မျက်၀န်းတစ်စုံနှင့် ခြေချော်လက်ချော် ခလုတ်တိုက်မိသွားသည်။

အဖြူစွတ်စွတ်ရှပ်လက်ရှည်တစ်ထည်ဟာ လေပြင်းကြောင့် လွင့်နေကာ အောက်နားဆီမှ ရောင်စုံနေသော ဆေးစက်တစ်ချို့ပေစွန်းနေသည်ကိုပင် မြင်နိုင်သည်။

ထိုလူ၏လက်ထဲတွင် ကင်မရာတစ်လုံးကို ကိုင်ထားကာ ဟိုချိန် သည်ချိန်လုပ်နေရင်း ဆော့ဂျင်၏ တံခါးဖွင့်သည့်အသံကြောင့် ဒီဘက်ကိုအကြည့်ရောက်လာသည်ထင်သည်။

ပြုံးပြရမည်လား? မသိချင်ယောင်ဆောင်ရမည်လား ဆိုတာ ဆော့ဂျင်တစ်ယောက် ဝေခွဲရခက်နေစဉ်မှာပင် တစ်ဖက်ကလူက ခေါင်းကိုညွှတ်ကာ နှုတ်ဆက်လာသည်။
ထို့ကြောင့် ဆော့ဂျင်လည်း ပြုံး၍ ခေါင်းညိမ့်ကာပြန်နှုတ်ဆက်လိုက်ရ၏။

အာ....မော့ကြည့်ရတာ ဇက်တောင်ညောင်းနေပြီ။

ထို့နောက် ဤမျှနှင့်ပင် အကြည့်လွှဲကာ စောနကလိပ်တင်လိုက်သော လိုက်ကာကိုပြန်ချပြီး ပြတင်းပေါက်ကိုအမြန်ဆွဲစေ့လိုက်ရ၏။

သူ့အိမ်ပေါ်ကနေ ကြည့်ရင် ကိုယ့်အခန်းကို ဒိုးချင်းပေါက် မြင်နေရမဲ့အဖြစ်ကြီးတော့ စိတ်မလုံလှပါ။

ရိုင်းတယ်လို့ထင်လည်း မတတ်နိုင်တော့။


" ဟေ့ကောင် ပြန်ဖွင့် "

BERMUDA (ဘာမြူဒါ)Where stories live. Discover now