12

1.3K 229 11
                                    

For Unicode

" ကျွန်တော်တို့က အခုဘာတွေဖြစ်သွားပြီလဲ "

ဆော့ဂျင်၏ ခေါင်းလေးကို ဖွဖွအုပ်မိုးကိုင်ကာ ကင်မ်နမ်ဂျွန်းက ကြင်နာစွာရေ ရွတ်လိုက်သည်။

စိတ်နှင့်နာမ် မကပ်သေးသလိုမျက်နှာလေးနဲ့ ဆော့ဂျင်ဟာ နှုတ်ခမ်းမှ တစ်ခုခုရေရွတ်ဖို့ကြံဆောင်ပါသော်လည်း မတတ်သာသည့်နှယ် ပြန်လည် တိတ်ဆိတ်သွားသည်။

" ချာတိတ် မပြောတတ်ရင် ကျွန်တော်ပြောမယ်...ကျွန်တော်တို့အခု တွဲနေကြတဲ့ ဆက်ဆံရေး ဟုတ်တယ်မဟုတ်လား"

နေရောင်၏ဦးဆောင်မှုကြောင့်အလည်လိုက်လာသော သက်တန့်ပျိုသည် တိမ်လွှာကင်းစင်နေသော ကောင်းကင်ယံမှတဆင့် ကားထဲရှိအနှီလူသားနှစ်ဦးကို အကဲခတ်နေသည့်ဟန်။

"  ကျွန်တော် ချမ်းနေပြီ "

ခေါင်းညိမ့်ခေါင်းခါမပြုပဲ စကားလွှဲလိုက်တာကို နမ်ဂျွန်း ရိပ်မိပေမယ့် ပြန်လည်‌တုန့်ပြန်လာသည့် အနမ်းလေးတွေရယ် ‌၊ ရီဝေသော မျက်၀န်းလေးရယ်နဲ့တင် ဒီနေ့အဖို့ သိပ်ပျော်နေပြီ ဖြစ်ရာ ဘာမှဆက်မမေးတော့ပဲ ကားစက်ကိုနှိုးလိုက်သည်။

" ချာတိတ် "

" ဟင် "

"   ချစ်တယ် "

ရဲစွေးသွားသော မျက်နှာလေးဟာ အလွန်တရာပင်သန့်ရှင်းဖြူစင်လွန်းတာမို့ နမ်ဂျွန်းမှာ တစိမ့်စိမ့်ပင်ထိုင်၍ ကြည့်ချင်လာရသည်။

" အိမ်ရောက်ရင် ရေနွေးနွေးလေးနဲ့ ချိုးနော် "

ခေါင်းကြီးပဲအတင်းငုံ့သွားသည့် ချာတိတ်လေးကို မစရက်စိမ့်သောငှာ တစ်မျိုးသော စကားကို နမ်ဂျွန်းမှာ ထပ်လွှဲလိုက်ရပြန်သည်။

ပုံမှန်ဆို ချုပ်တည်းနေရသော စကားတို့အတွက်  စိတ်ရှုပ်မိမည်ဖြစ်သော်လည်း  ယခုမူတော့ အလွန်ပင်ပျော်ရွှင်နေပါ၏။
.
.
.

အိမ်ရှေ့ကိုကားရပ်သည်နှင့် ဆော့ဂျင်တစ်ယောက်ကင်မ်နမ်ဂျွန်းမျက်နှာကိုပင်မကြည့်ရဲတော့ပဲ အလျင်စလိုဆင်းပြေးလာခဲ့သည်။

အိမ်ထဲရောက်မှ ကြမ်းပြင်တစ်လျှောက် ထင်ဟပ်လာတဲ့ ရွှံ့ခြေရာတွေကိုကြည့်ရင်း  သူ့ရင်ဘတ်တစ်ခုလုံးကိုလည်း လက်နှစ်ဖက်ဖြင့် ဖိနှိပ်ကာ ထားရသည်။

BERMUDA (ဘာမြူဒါ)Where stories live. Discover now