နမ်ဂျွန်း သူ့ရင်ဘတ်ကို ဝုန်းခနဲ ဆောင့်တွန်းပြီး ပြေးထွက်သွားတဲ့ ကောင်လေးရဲ့ နောက်ကျောပြင်ကို မျက်လုံးတွေမှိတ်ကျသည်အထိပြုံးရင်း ငေးကြည့်နေမိသည်။
အခုထိ စွဲညိကျန်နေသေးတဲ့ နူးညံ့စိုထွေးတဲ့ အရသာလေးကို သူ့နှုတ်ခမ်းက မက်မောတောင့်တစွာ လိုချင်သေးတာမို့ မချင့်မရဲ နှုတ်ခမ်းသားထူထူတွေကိုပဲ လက်ညိုးသွယ်တွေဖြင့် ဖိပွတ်လိုက်၏။
သိပ်ကို ချစ်စရာကောင်းတဲ့ အဲ့ဒီကောင်လေးဟာ အခုတလော သူ့ကိုအသည်းယားအောင်၊ စိတ်တိုအောင် မျိုးစုံကို ပြုစားနေခဲ့တာ သိပ်ကိုများနေလေပြီမို့ ဆက်၍ သည်းမခံနိုင်တော့ပြီ....။
လိုချင်ပြီဆို ဇွတ်တိုး၀င်တတ်တဲ့ နမ်ဂျွန်းရဲ့ စရိုက်ဟာ ဝိုင်တန်ခိုးအနည်းငယ်၏ သွေးထိုးပေးမှုမှာ ပို၍ ရဲတင်းသွားချေတော့တယ်။
နောင်တမရှိ၊ အစီစဉ်တွေသာ ရှိသည်။
.
.
.
.
ခြေလှမ်းကြဲကြီးများဖြင့် ဒုတိယထပ်က ပြေးမတတ်ဆင်းလာသော ဆော့ဂျင်ကို မင်ဟွန်း လှမ်း၍အော်မည့်ဟန် ပါးစပ်ပြင်ပြီးမှ ကိုယ်ရှိန်သပ်ကာ အပြေးလေး လက်ကိုသွားဆွဲလိုက်ရသည်။နီစွေးနေတဲ့ မျက်နှာပြေပြေဟာ မီးရောင်ဖျော့ဖျော့မှာတောင် အရောင်ပြေးလျှက်။
စိုစွတ်နေတဲ့ မျက်လုံးတွေဟာ ဒေါသခိုးတွေနဲ့...မတည်မငြိမ်သော ခံစားချက်တွေရောယှက်နေသည်။
သူ၏သူငယ်ချင်းအား ဤပုံစံဖြင့် တစ်ခါမှ မမြင်ခဲ့ဖူးသည်မို့ မင်ဟွန်း စိုးရိမ်သွားရကာ
" ဘာဖြစ်လို့ အဲ့ဒီအပေါ်ကနေဆင်းလာတာလဲ ဆော့ဂျင်။ အဆင်ပြေရဲ့လား "
ဆော့ဂျင်က အသိစိတ်လွတ်နေသူတစ်ယောက်လိုပင် မင်ဟွန်းကို ဖြတ်ခနဲကြည့်ကာ လက်ကိုအနည်းငယ်ရုန်းဖယ်သည်။
" ပြေတယ်...ငါ သိပ်နေမကောင်းလို့ ပြန်နားချင်ပြီ မင်ဟွန်း "
" ဟင် မင်းကလည်း အစောကြီးရှိသေးတာ"
" ကျစ် မင်းနေခဲ့ရင် နေခဲ့လိုက်တော့ "
ဆော့ဂျင်က စိတ်မရှည်ဟန် စုတ်သပ်လိုက်ကာ မျက်နှာကို လက်ဖြင့် အကြမ်းပတမ်းပွတ်သပ်လိုက်သည်။
YOU ARE READING
BERMUDA (ဘာမြူဒါ)
Fanfictionဆန်းကြယ်တယ်၊ နက်နဲတယ်... ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြတယ်.. သူဟာ အချစ်နဲ့အလားသဏ္ဍာန်တူတယ်။