" ဟေ့ကောင်! ဒီနေ့ မင်းကျောင်းမသွားနဲ့တော့ "
အိမ်ကိုကပျာကယာပြေး၀င်လာကာ ပြင်ထားဆင်ထားပြီး အသင့်ဖြစ်နေသော ဆော့ဂျင်အား ဆွဲခါယမ်းပြီး လွယ်ထားသော အိတ်ကိုပင် ဘုတ်ခနဲ ဆိုဖာပေါ်ပစ်ချလိုက်သော မင်ဟွန်း...
" ဘာလဲ မင်းအစ်မ ယောင်္ကျားနောက် လိုက်ပြေးသွားလို့လား "
မကျေမလည်ဘုတောမေးခွန်းကြောင့် နင်သွားပုံရပေမယ့် ဘာမှပြန်မပက်ပုံထောက်လျှင် အတော်လေးအရေးကြီးသည့် ကိစ္စတစ်ခုရှိသည်ထင်၏။
" အတန်းက သွားရမှာ...ပြောတော့ပြောကြည့်လေ "
" ကိုကြီး က အဟဲ ကိုကြီးဆိုတာ ဖရတ်လေ...နမ်ဂျွန်း နမ်ဂျွန်း "
တစ်ယောက်ထဲနဲ့ မျိုးစုံအောင်ခေါ်ပြသွားသော နာမည်တွေကြောင့် မသောက်ပဲ ဆော့ဂျင်ချာချာလည်မူးရသည်။ ဒီကောင့်ကိုတော့ တကယ်ပဲလက်လန်လှပါတယ်။
" ဘာလဲ သူမင်းအစ်မကို ခိုးပြေးသွားတာလား "
" ကင်မ်ဆော့ဂျင်ရေ!!!ပါးစပ်လေးကို ဖြဲမိတော့မယ်နော် "
ရဲတတ်လာသော မင်ဟွန်းမျက်နှာကြီးကို ကြည့်ကာ ဆော့ဂျင်တခွိခွိရယ်လိုက်ပြီး လက်ခါပြလိုက်သည်။
" မစတော့ဘူး မစတော့ဘူး။ ပြော "
" ထပ်စရင်လဲ ဆွဲထိုးတော့မယ် မင်းကို...ဒီလိုကွာ ကိုကြီးက သူ့အိမ်မှာ ပါတီအသေးစားလေး လုပ်မလို့တဲ့ကွ"
" အင်း....ဆက်ပြော "
" သိတယ်မဟုတ်လားကွာ...သူ့အသိုင်းအဝိုင်းကမိတ်ဆွေတွေကို ဖိတ်ပြီးလုပ်တာမျိုးလေးပါပဲ...အဲ့တာ ငါတို့ကို"
" ပန်းကန်လာဆေးတဲ့လား? "
" ဟေ့ကောင်!!!!"
" မင်းက ပေရှည်နေတာကိုးးလိုရင်းကိုပြော!"
မင်ဟွန်းက အသင့်ချထားသည့် ရေဗူးကြီးကို တဂွပ်ဂွပ်သောက်ကာ ဆော့ဂျင်၏ခေါင်းအား သာသာလေးရိုက်ချသည်။
" ဖိတ်တယ်တဲ့!!!
ငါတို့ နှစ်ယောက်လုံးကို...ဒါကြောင့် ဒီနေ့ အ၀တ်အစားသွားဝယ်ရအောင် "
YOU ARE READING
BERMUDA (ဘာမြူဒါ)
Fanfictionဆန်းကြယ်တယ်၊ နက်နဲတယ်... ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြတယ်.. သူဟာ အချစ်နဲ့အလားသဏ္ဍာန်တူတယ်။