10

1.5K 255 32
                                    

For Unicode

ရက်သတ္တပါတ်တွေဟာ လေရူးတွေလို ဝှေ့ခနဲ လွင့်မြောသွားလိုက်တာ လိုက်ဖမ်း၍ကိုမမိ။

မသိစိတ်ဟာ စေတန်ရဲ့ လက်နက်တစ်ခုအဖြစ် သွယ်ဝှက်စွာတည်ရှိနေခြင်းလား ဟု တစ်ညလုံး အလေးအနက်တွေးတောနေရင်း ဆော့ဂျင်၏ အိပ်စက်ချိန်တွေ ပဲ့ကြွေကုန်ရသည်။

မသိစိတ်ထဲမှာ ကွယ်ဝှက်ထားတဲ့ ဆန္ဒတွေသည်...
ကွယ်ဝှက်ထားတဲ့ ရင်ခုန်သံတွေသည်...
မပျောက်ဆုံးသွားသော အနမ်းတွေသည်..

အကြိမ်တစ်ရာမြောက်သက်ပြင်းကိုချအပြီးမှာတော့ ခြံတံခါးဖွင့်သံသဲ့သဲ့နဲ့ ဖေဖေ့ကားစက်သံညက်ညက်ကို ဆော့ဂျင်ကြားလိုက်ရသည်။
ထိုတော့မှ မိုးလင်းပြီလားဟူ၍ ကသုတ်ကရုတ်နာရီကို ထကြည့်ရင်း တစ်ရာ့တစ်ကြိမ်မြောက်သက်ပြင်းကိုချမိတော့၏။

စိတ်အာရုံတွေအကုန်သိစိတ်ဆီရောက်ရှိပြီးမှာတော့ မဖြစ်သင့်ဟုစွဲယူထားတဲ့ သူ့ခံစားချက်တွေကို နေရောင်အောင်မထင်ပေါ်စေခြင်းငှာ ဖုံးကွယ်လိုက်သည်။

ထို့နောက် ပြတင်းတံခါးကို အားပြင်းပြင်လှပ်ချလိုက်တော့ လင်းအားမကြီးသေးသည့် မွေးကင်းစနေရောင်နုနုနှင့်ဆုံသည်။

ထိုနေရောင်လာရာလမ်းကြောင်းတစ်လျှောက်ရှိ ၀ရန်တာပေါ်တွင် ကော်ဖီတစ်ခွက်ကို သောက်ရင်း သူရှိရာ ငေးကြည့်နေတဲ့ မျက်၀န်းတစ်စုံကိုရော။

သူခိုးလူမိသောအဖြစ်လို ဆော့ဂျင်အလန့်တကြား ကိုယ်ကိုတစ်ဖက်လှည့်ရင်း
၀ရုန်းသုန်းကားပြန့်ကျဲသွားတဲ့ စိတ်၏ပြတ်တောက်ခြင်းများကို တစစီလိုက်စုနေရသည်။

ဒီလူ့အကြည့်တွေက အပ်ချွန်မြမြတွေနဲ့ စိုက်ထိုးနေသလို ခံရခက်လှ၏။

အချိန်ဆွဲကာ ရေမိုးချိုးပြီး ဧည့်ခန်းထဲမှာပဲ Text bookတစ်အုပ်ကို ဟိုလှန်သည်လှောနှင့် စိတ်နှစ်ကာကြည့်နေပေမယ့်လည်း အကြွင်းအကျန်စေတန်ရဲ့လက်ပါးစေအတွေးတွေက အိမ်အပြင်သို့ထွက်ကာ လူတစ်ယောက်ကို မြင်လိုကြောင်းတိုက်တွန်းနေသည်။

"မင်း ဘာဖြစ်နေတာလဲကွာ "

ကိုယ့်ခေါင်းကိုယ်နာနာခေါက်ကာ အပြစ်ပေးလိုက်ပြီး စာအုပ်ကိုဘုန်းခနဲပိတ်ပစ်လိုက်သည်။ ထိုစဉ်တိုက်ဆိုင်စွာ ၀င်လာသော ဖုန်းတစ်ကောလ်ကြောင့် စိတ်မကြည်မလင်နှင့်ပင်ကောက်ကိုင်လိုက်သည်..

BERMUDA (ဘာမြူဒါ)Where stories live. Discover now