Part-16

4.1K 234 5
                                    

နောက်နေ့ မနက် ရှင်ဖုန်းကျောင်း‌ရောက်တော့
ကျောင်း‌ရှေ့ကမုန့်ဆိုင်မှာထိုင်ပြီး ခွန်းတို့နဲ့မုန့်ထိုင်စားရင်း ဟိုးတနေက နေသစ်တို့အကြောင်းပြန်ပြောဖြစ်တယ်

ရှင်းဖုန်းရဲ့မျက်နှာထားကတော့ ပြန်တင်းမာလာပြီး
သူ့သူငယ်ချင်းတွေလဲ ဒီလိုပြသနာရှာတဲ့နေသစ်ကို ဒေါသထွက်နေပုံ

"အဲ့အကောင်ကိုလေ စိစညက်ညက်ကြေအောင်
လုပ်ခဲ့သင့်တာ"

ခွန်းရဲ့စကားကိုရှင်ဖုန်းပြန်ပြောလိုက်တယ်

"ငါလဲ ပြောရရင်အသေပါသတ်ပစ်ချင်ခဲ့တာ မမ တားလို့ပါပေါ့"

"တော်ကြာ ရန်ဖြစ်လို့အဖြေမပေးပဲနေအုန်းမယ်"

အအေးသောက်ရင်းပြောလာတဲ့ အာကာမင်းကို
ရှင်ဖုန်းမျက်စောင်းတချက်ထိုးလိုက်ပြီး စာပွဲအောက်နေ ခြေထောက်ကိုဆောင့်ကန်ထိလိုက်တယ်

"အ့"

"လျှောက်မပြောနဲ့ ဒေါင်းစားရဲ့"

"သေပါပြီကွာ  နာလိုက်တာ ဒါလေးပြောမိတာကို"

"မပြောနဲ့ ပိတ်ထား"

"ဟဲ့ ရန်ဖြစ်မနေနဲ့ ဟိုမှာ နေသစ်တို့အဖွဲ့"

ခွန်းဟေသာ မျက်လုံးလေးနဲ့ပြတဲ့နေရာကို ရှင်ဖုန်းနဲ့အာကာတို့ကြည့်လိုက်‌တော့ ထောင့်ဝိုင်းတဝိုင်းကနေ ရှင်ဖုန်းကို မကြေသလိုကြည့်နေတဲ့ နေသစ်တို့ကိုတွေ့လိုက်ရပါတယ်

"သူတို့ပုံကြည့်ရတာ နင့်ကိုတစ်ခုခု‌တော့ ပြန်လုပ်မှာနော် သတိထားအုန်း ရှင်ဖုန်း"

"အေးပါ သတိထားပါ့မယ် အာ့ဆိုသွားမယ်လေ အတန်းထဲ"

"အေ သွားမယ်"

"သွားမယ်"

သုံးယောက်သား အတန်းထဲလာခဲ့လိုက်တယ်

အတန်းထဲရောက်တော့ ရှင်ဖုန်းနားရောက်လာတဲ့ ကောင်မလေးတစ်ယောက် သူက‌တော့
အရင်ကတည်းက ရှင်ဖုန်းကို
ခဏခဏ‌လိုက်နှောင့်ယှက်နေတဲ့ ရုံးပတေသီးမ
ခြူးငုံထက် ဆိုတဲ့ ကောင်မလေးတစ်ယောက်

"ရှင်ဖုန်း~~"
ချွဲပစ်နေတဲ့အသံနဲ့ ပုခုံးကိုမထိတထိလာလက်ညိုးနဲ့ လာကိုင်နေတဲ့ ကောင်မလေးကြောင့် ရှင်ဖုန်း မျက်ခုံးနှစ်ဖက်ကို ထိလုမတက်သာ ကြုံ့ထားလိုက်မိတယ်

အချစ်ရှိရာ(Complete)Where stories live. Discover now