Part - 38

4.1K 198 9
                                    

နောက်နေ့မနက်စောစော ရွှေအိမ်စံကအရင်နိုးနေ
ပြီး ရှင်ဖုန်းကိုနှိုးရသေးသည်

" '‌ မောင် ' ထတော့လေ ဒီနေ့စောစောထွက်မှာနော်"

"..."

" ထလို့....'မောင်' "

"အင်း ခဏ"
အိပ်ချင်မူးတူးနဲ့ပြန်ဖြေပြီးပြန်အိပ်သွားပြန်သည်

" ထဆိုနေကွာ ‌'မောင်!' "

"....."

" ချစ်ဆုံးရီးရေ့"

"....."

" မိန်းမရေ့"

မျက်လုံးပွင့်လာဖို့ မျိုးစုံခေါ်ကာ နှိုးနေတော့တယ်

"...."

ရှင်ဖုန်း ပြုံးစိစိဖြစ်နေပေမဲ့ ပြန်တည်လိုက်ပြီးမျက်လုံးတော့လုံး၀မဖြစ်သေး

" 'မ' ရဲ့ သဲလေးရေ့ "

"...."

" Mommy~~!"

ရှင်ဖုန်း ပြုံးလာပြီး မျက်လုံးချက်ချင်းပွင့်လာတယ်

ရွှေအိမ်စံလဲ ရီလိုက်ကာ ကုတင်ပေါ်က ထပြေးမည်အလုပ် အနောက်နေ လက်ကိုလှမ်းဆွဲခံလိုက်ရပြီး
ရွှေအိမ်စံဟာ ရှင်ဖုန်းရဲ့ရင်ခွင်ထဲ၀င်သွားပါတော့တယ်

"ဘာလဲ..ဖယ်!"

"ထပ်ခေါ်ပါအုန်း"

"မခေါ်ပါဘူး ထတော့"

"အာ...အာ့ဆိုပြန်အိပ်တော့မယ် ထပ်ခေါ်"

"မခေါ်ဘူးကွာ"

"အာ့ဆိုမထဘူး"

"ဟင်းးးး Mommy!!"

ရှင်ဖုန်းသွားတွေအအေးပက်လောက်‌အောင်ပြုံးကာရွှေအိမ်စံရဲ့လည်ပင်းလေးကို နမ်းလိုက်တယ်

"တော်‌တော့ကွာ 'မောင်' နောက်ကျမယ် ထတော့"

"ထပါပြီ 'မ' ရဲ့"

ဒီလိုနဲ့ အကုန်လုံးကိုယ့်ကားနဲ့ကိုယ်ပြန်ခဲ့ကြတယ်

ဒီတခါ လမ်းခရီးမှာ roနေတဲ့အတွဲကို ခွန်းတို့လဲထိုင်ကြည့်စရာမလို‌ အပြိုင် လိုက်roလို့ရပြီလေ။

******************
(Skipမယ်နော့်😶)

ခရီးကပြန်ရောက်လို့၁ပတ်ရှိသွားပြီ

အချစ်ရှိရာ(Complete)Where stories live. Discover now