Part - 31

4K 231 8
                                    

"ငါတို့ ဂိမ်းတစ်ခု ကစားရအောင်"
ခေတ်နေပြီး အကုန်လုံးကို တလှည့်စီကြည့်ကာ
ပြောလိုက်တယ်

"အိုခေ ဘာဂိမ်းဆော့မှာလဲ"
ယမင်းကမေးလိုက်တယ်

"ဒီလိုကွာ စုံစမ်စိချပြီး ရှုံးတဲ့သူကို
ဒီစက်ပေါ်လက်တင်ပြီး မေးခွန်းမေးရမယ်
လိမ်ရင် ဓာတ်လိုက်မယ် ဘယ်လ်ုလဲ ဆော့ကြမယ်မလား"

"အင်း ဆော့မယ်လေ"
အကုန်လုံးသဘောတူတာမို့ စုံစမ်စိချကာ
ဆော့ကြတယ်

ပထမပွဲမှာ ဈေးဦးပေါက်သူကတော့
ရှင်ဖုန်းပင်

"အိုဟိုး ရှင်ဖုန်းရေ့ အဟင်း ငါမေးမယ်"

ခွန်းဟေသာရဲ့မေးမယ်ဆိုတဲ့စကားကြောင့်
ရှင်ဖုန်း အမေးခံရမဲ့အစား လဲသာသေလိုက်ချင်တော့သည် ဒီဟာမက ဂျင်းထည့်ရင် အကြီးကြီးတွေထည့်တာလေ

"မေး မေး"

"အဟင်း နင် ကောင်မလေးဘယ်နှစ်ယောက်ကို
ကြိုက်ခဲ့ဖူးလဲ"

"......"
ရှင်ဖုန်း မဖြေပဲ ခွန်းဟေသာကို
'နင်တော့သေတော့မယ်'ဆိုတဲ့အကြည့်နဲ့သာ

"ဖြေလေ"
ရွေအိမ်စံက ပုခုံးချင်းတိုက်ကာ ဖြေဖို့ပြောသည်

"ဟင်းးးတစ်ယောက်မှမကြိုက်ဖူးဘူး"

ဖြေပြီးတာနဲ့ မီးနီထလင်းပြီး ရှင်ဖုန်း ရဲ့လက်က ကျင်ခနဲ ဓာတ်လိုက်သွားပါတော့တယ်

"အားး...၂ယောက် ၂ယောက်ကြိုက်ဖူးတယ်"
ရှင်ဖုန်းလဲ အသဲအသန် ပြန်ပြင်ကာဖြေရသည်

ရှင်ဖုန်း ရွှေအိမ်စံကိုကြည့်လိုက်တော့
ရွှေအိမ်စံက ဘာမှမပြော ရှင်ဖုန်းကို ဒီတိုင်းသာကြည့်နေသည်

"ကဲ ဟုတ်ပြီ နောက်တပွဲ"
ခေတ် ပြောပြီးတာနဲ့ အကုန် နောက်တစ်ပွဲ စကြတယ်

ဒီတခါတော့ ယမင်းရှုံးသွားတာမို့ စက်ပေါ်မှာရှိနေတဲ့လက်က ယမင်းသော်ရဲ့လက်ပင်

"ငါမေးမယ်"
ခေတ်ကနေပြီး ယမင်းကိုမေးသည်

"နင်ရဲ့ချစ်ရမဲ့သူတွေ့ပြီလား?"

ယမင်းက ပြုံးလိုက်ပြီး

"အင်း တွေ့ပြီ"

"နာမည်ကကော"

အချစ်ရှိရာ(Complete)Where stories live. Discover now