Part-22

4.5K 226 8
                                    

နောက်နေ့ မနက်စောစောထပြီး ပြန်ဖို့ပြင်ဆင်ကြတယ် ရွှေအိမ်စံက‌ အစောရီးနိုးပြီး ပြင်ဆင်နေပင်မဲ့ ရှင်ဖုန်းကတော့ အိပ်ကောင်းဆဲပင်

အကုန်ပြင်ဆင်ပြီးမှ ထိုခလေးမကို နှိုးရသည်
"ရှင်ဖုန်း..."

"...."

"ရှင်ဖုန်း....."

"....."

"ရှင်ဖုန်းရေ...ထတော့ကွာ နောက်ကျနေမယ်"

"အင်းးး"

အင်းတွေအဲတွေလုပ်ပြီး ပြန်အိပ်နေပါတယ်

"ရှင်ဖုန်း ထတော့လို့ဆိုနေကွာ"

"ခဏလောက်ပဲ"

"မရဘူးနော် ထတော့"

"အွန်းးအွန်းး ထမယ် morning kissအရင်ပေး"
မျက်လုံးကတော့ မှိတ်ထားပြီး နှုတ်ခမ်းလေးဆူကာ ပြောနေတဲ့ ထိုကောင်မလေးကို ရွှေအိမ်စံ အသဲယားလှသည်

သူ့သဘောအတိုငိး နှုတ်ခမ်းလေးကိုဖွဖွလေးနမ်းလိုက်တယ်

"မွ... ထတော့နော်"

"အာ..မရဘူးနော် အဲ့လောက်လေးနဲ့ နမ်းအုန်း"

"ဟာ..ရစ်နေတယ်ကွာ ထပါဆိုနေ"

"ဟင့်အင်း ထပ်နမ်းမှထမှာ"

"မင်းကတော့ကွာ တကယ်ပြောမရဆိုမရလေးပဲ"

"နမ်းပါဆိုနေ"

ရွှေအိမ်စံလဲ ပြောမရမှာမှန်းသိတာမို့ နမ်းလိုက်တော့တယ် နမ်းလိုက်ပြီးပြန်ခွာဖို့လုပ်ပေမဲ့ ရှင်ဖုန်းကတော့ ရွှေအိမ်စံရဲ့ ခေါင်းလေးကိုကိုင်ထားပြီး အချိန်ကြာရှည်စွာ နမ်းနေတော့သည်

အနမ်းများ အားပါလာသည်နှင့်တကွ အသံများ
ကလဲ ကျယ်လောင်စွာ

ပြွတ်...ပြွတ်..

"အွင်းးးတော်တော့"

နမ်းနေတဲ့ကြားက ရင်ဘတ်ကို လက်နဲ့ထုက ပြောလာတာမို့ လွှတ်ပေးလိုက်တော့တယ်
ရွှေအိမ်စံတစ်ယောက် အသက်ကို မနဲ၀အောင်ရှူနေရသည်

*ဒီကောင်မလေး အဖြေပေးလိုက်မှ ပိုဆိုးလာပါလား*
စိတ်ထဲကနေသာ တွေးလိုက်ခြင်း

"သွားရေသွားချိုးတော့"

"အွန်းးအင်းကျီထုတ်ပေးထားနော်"

အချစ်ရှိရာ(Complete)Where stories live. Discover now