Part - 30

3.9K 235 7
                                    

ဒေါက် ဒေါက် ဒေါက်!
အခန်းတံခါးခေါက်သံကြောင့် ရှင်ဖုန်းနိုးလာခဲ့တယ်
ရင်ခွင်ထဲကကောင်မလေးကို ခေါင်းအုန်းပေါ်သေချာချပြီး အခန်းတံခါးဖွင့်လိုက်တယ်

"အော် အန်တီ"

"နေ့လည်စာစားကြမယ်လေ"

"ဟုတ် 'မ'ကိုနှိုးလိုက်အုန်းမယ် အန်တီ"

"အေးအေး နှိုးပြီးရင် ဆင်းခဲ့နော်"

"ဟုတ်"

ရွှေအိမ်စံအမေထွက်သွားတာနဲ့ ရှင်ဖုန်းလဲ အခန်းတံခါးပြန်ပိတ်ပြီး ရွေအိမ်စံဆီကိုသွားလိုက်တယ်

နှုတ်ခမ်းကို တချက်နမ်းလိုက်ပြီး

" 'မ' ရေ ထတော့လေ "

"အင်းး"

ပါးကိုတချက်ထပ်နမ်းလိုက်ပြန်တယ်
အဲ့ခါကျမှ ရွေအိမ်စံမျက်လုံးပွင့်လာပြီး

"ဘာလဲ ဘာလို့ တချိန်လုံးနမ်းနေတာလဲ"

"ချစ်လို့ပါ 'မ' ရဲ့"

"ပြောလိုက်ရင် ချစ်လို့ပါ ဆိုတာရီးပဲ"

"ဟုတ်တယ်လေ ချစ်လို့ကို"

"ချစ်နဲ့"

"ချစ်မှာ"

ပါးကိုတချက်ထပ်နမ်းပြီးတော့မှ
"ထတော့ အန်တီက နေ့လည်စာစားဖို့ခေါ်နေပြီ"

"အင်း ထပြီ"

နှစ်ယောက်သား ခေါင်းလေးဘာလေးဖြီးပြီး
ထမင်းစားဖို့ လာခဲ့ကြတယ်

ရွှေအိမ်စံအဖေက ထမင်းစားပွဲမှာထိုင်ရင်း ပြုံးပြီး
"ပျော်လို့ရွှင်လို့ပါလား ဘာတွေပျော်နေကြတာလဲ"

" 'မ' ကို စနေတာ အန်ကယ်ရဲ့ ဟီး"

"တနေ့တနေ့အရမ်းစတာပဲ မင်းကိုလဲ မင်းအမေနဲ့တိုင်ပြောမယ်သိလား ဟွန့်"

"Haha😆 စိတ်ကောက်သွားတာလား
ခလေးလေးက"

"ဘာခလေးလဲ မင်းထက်၅နှစ်တောင်ကြီးတာနော်
မင်းကမှ ကလေး"

"ဟာ အခုကလေးလို့ ပြုမူပြီး စိတ်ကောက်နေတာ ဘယ်သူလဲ ပြော"

"မသိဘူးလေ"
ပုခုံးတွန့်ပြပြီး ထမင်းစားဖို့ ၀င်ထိုင်လိုက်တာမို့
ရှင်ဖုန်းလဲ ရွှေအိမ်စံနား ၀င်ထိုင်လိုက်တယ်

အချစ်ရှိရာ(Complete)Where stories live. Discover now