Part (12)

476 21 0
                                    

Unicode

'' အမောင် ဓန ခင်ဗျား ဘာများလုပ်အုံးမလို့လဲ ''

ကျီးကန်းတောင်မြောက်ကြည့်နေသည့် မင်းဓနရှိန်၏ မျက်ဝန်းများကြောင့် ကျော်လွင်တစ်ယောက်​နေရင်းထိုင်ရင်းနှင့်အာခေါင်တွေပါ​ခြောက်လာလေသည် ။ အရင်တုန်းက ဘာမှမဟုတ်တာတောင် သောင်းကျန်းချင်သလိုသောင်းကျန်းပြီး သူကြီးအိမ်ကို ထမင်းစားရေသောက်သဖွယ်သတ်မှတ်လို့ထားသည့် မင်းဓနရှိန်ဆိုသူက အခုသူ့ အချစ်က သူကြီးသားဆိုသည့် အချက်​ကြောင့်
ဒီသူကြီး၏ အိမ်ကိုလည်း ဘယ်နှစ်ခါတောင်ရောက်ရမလဲဆိုပြီး မတွေးတောင်မတွေးတတ်တော့ချေ ။

မင်းဓနရှိန်၏ မျက်လုံးတွေက အရှေ့မှာရှိသည့် ကြက်ခြံကို ငေးကာ ကြည့်နေသည့်အတွက် ကျော်လွင်တစ်ယောက် အန္တရာယ်ရှိသည့် အရိပ်အယောင်များတွေ့နေရသောကြောင့်

'' မရဘူးနော် ဓန ခင်ဗျား အချစ် အဲလေ ထိုအနှီကောင်လေးနှင့် တွေ့ချင်ရင် တစ်ခုမဟုတ်တစ်ခု စီစဥ်လို့ရတာပဲ ဘာလို့များ ဒီလို''

မင်းဓနရှိန်၏ ရဲဝန်းတောက်နေသည့် မျက်ဝန်းနီနီများဟာ ကျော်လွင့်ကို * ပါးစပ်ပိတ်ထားစမ်း * ဆိုပြိး အကြည့်များကြောင့် ဆက်​ပြောမည့်စကားများပင် ပျောက်သွား ရသည် ။

မင်းဓနရှိန်လည်း ဝတ်ထားသည့် ပုဆိုးကို ခပ်တိုတ်ို ထပ်ပြီးဝတ်လိုက်လေပြီးမှ အနီးနားက ကြက်ခြံထဲက ကြက်တစ်ကောင်ကို ပိုင်ရှင်ထိုင်​နေသည့်ကြားထဲမှ လှစ်ခနဲ ယူလိုက်ပြီး အဝေးသို့ထွက်ကာပြေးလေတော့သည် ။ မင်းဓနရှိန်က အမြန် ကြက်တစ်ကောင်ကို မ ပြီး ထွက်ပြေးပေမယ့် ကျန်​နေခဲ့သည့် ကျော်လွင်ကတော့ ထွက်ပြေးလိုက်ရမလား ၊ ထိုင်ပဲထိုင်လိုက်ရမလား တွေးပြီး ထွက်​ပြေးဖို့လုပ်နေစဥ် အနောက်က ဇက်ပိုးက်ို ဂွက်ခနဲ ဆွဲလိုက်မိသောကြောင့် ကျော်လွင့်ခမျာ အငိုမျက်လုံး အပြုံးမျက်နှာ ဖြစ်သွားလေပြီးမှ

'' ကျွန်တော် ဘာလုပ်လို့လဲဗျာ ''

မျက်လုံးနှစ်ဖက်ကို စုံမှိတ်ပြီး ပြောချင်ရာပြောနေသည့် ကျော်လွင်က ထို ပိုင်ရှင်ကိုတော့ အနည်းငယ်တောင်မှ မော့မကြည့်ချေ။

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now