အလွမ်းတွေကမိုးသောက်ကို လွှမ်းခြုံထားပြီ ချစ်ခြင်းတရားတွေက သတိရခြင်းတွေကို ယူဆောင်လာလေတော့ နူးညံ့တဲ့နှလုံးသားအတွက် လက်တစ်စုံက touch pH လေးပေါ်မှာပြေးလွှားပြီး သိမ်မွေ့ဆီသို့
တီ တီ တီ '
ဟယ်လို ကလေးလား'ဟုတ် လူကြီးရဲ့ တစ်ဦးတည်းသောကလေးပါ။'
သတိရလို့ဖုန်းဆက်လိုက်တာ '
ဘယ်လောက်ထိလဲ'
ကလေးထင်တာထက်ပိုတယ်'
ပိုပြီ
တကယ်ပါ ကလေးယုံအောင် ဘယ်လိုသက်သေပြရမလဲ '
မုန့်၀ယ်ကျွေးရမလား ကစားကွင်းလိုက်ပို့ရမလား
ဒါမှမဟုတ် အနမ်းမိုး ရွာပေးရမလား'
ဟေ့ဟေ့ ပြောရင်းနဲ့ လူကြီးဘက်က ဖောင်းလာပြီနော်'
မဖောင်းရပါဘူးရှင် တကယ်ကို ပြောတာပါ ကလေးမုန့်ပေးကြိုက်တာမဟုတ်ရပါဘူး အချစ်ပေးပြီး ကြိုက်တာပါ။
သူပဲပြောတတ် အဲ့လိုပြောပြီး သိမ်မွေ့လို smallလေးတွေ ဘယ်နှယောက်တွဲပြီးပြီလဲ ။
You are my first love ever '
မယုံပါဘူး
ယုံပါ။
မယုံရေးချာ ။
ကလေးကွာ လူကြီးတစ်ကယ်ပြောနေတာ ကို မယုံဘူးတဲ့ စိတ်ဆိုးပြီ ချော့တော့။
ကလေးချော့တတ်ဘူး ။
မရဘူး ချော့တတ်သလိုချော့ ။
ကဲကဲ ချစ်ရတဲ့ လူကြီး မကြီး ရှင့်' ။
ဘာလူကြီး မကြီးလဲ ငိုမှာနော်(မိုးသောက်ငိုမဲ့မဲ့အသံဖြစ်လာပြီ)
ငိုပါနဲ့ ငိုပါနဲ့ အရမ်းချစ်တယ် နော် လူကြီး စိတ်ဆိုးပြေတော့။
ဒါပဲလား ?
ဒါပဲလေ !
ကျန်သေးတယ်
ဘာလဲ
အာဘွားမွမွလေ
(သိမ်မွေ့ရီချင်စိတ်မထိန်းနိုင်တော့)ခစ်ခစ်ခစ် ဘာအာဘွားမွမွလဲ
ချစ်တယ်ဆိုရပြီပေါ့ရဘူး ပေးနော် ဟိ ကြားချင်လို့
YOU ARE READING
ဘ၀အဆက်ဆက်
Romanceကွန်ပြူတာ သင်တန်းဆရာမလေး မိုးသောက်နဲ့ သင်တန်းသူလေး သိမ်မွေ့တို့ရဲ့ ချစ်ကြမ္မာ အလှည့်ပြောင်းမှာ သိမ်မွေ့နဲ့ထက် က ရော ဘယ်လိုပတ်သတ်ကြမှာလဲ