☺️

1.1K 54 0
                                    

Company သွားဖို့ သိမ်မွေ့ အကြော့ရှင်းဆုံးနဲ့အလှဆုံးလေး၀တ်လာခဲ့လိုက်တယ်
ကလေးက သူ့ကို အထင်သေးသွားတာမျိုးမဖြစ်ချင်ဘူး။
နှုတ်ခမ်းကို confident ရှိတဲ့ အနီရင့်ရင့် နဲ့ သက်လတ်ရွယ်မိန်းကလေးတစ်ယောက်ရဲ့ အလှတရား အားလုံး ပေါ်လွင်ပြီဆိုမှ
သူမ companyကိုလာခဲ့လိုက်တယ်။

ရုံးခန်းရောက်တော့ ကလေးက ရောက်နှင့်ပြီ
မင်္ဂလာပါ boss '
အကုန်နှုတ်ဆက်ချိန်
'မင်္ဂလာပါ အန်တီ 'တဲ့
သွားတက်လေးပေါ်အောင်ပြုံးထားဆဲ
(ဒီကလေးနဲ့တော့လေ)

ကဲ မယ်ခရေ ‌မနေ့က အလုပ်စခန့်တဲ့ ထက်ထက်လွင်ကို သွားခေါ်လိုက်ပါ။

ပြီးတော့ သူ့စားပွဲကို အမ အခန်းထဲ ရွှေ့လိုက်ပါ

မမလေး သူက ၀န်ထမ်းအသစ် သစ်'

မပြောနဲ့မယ်ခ အမခိုင်းတာပဲလုပ်ပေး'

ဟုတ် မမ '

- ရောက်ပါပြီ အန်တီ
ဟေ့ဟေ့ ကြိုပြောရအုံးမယ် တို့ကို အန်တီလို့မခေါ်နဲ့

ဒါဆို ထက် က ဘယ်လိုခေါ်ရမှာလဲ အန်တီ

'လုပ်ပြန်ပြီလား

အမ ဖြစ်ဖြစ် မမဖြစ်ဖြစ် ခေါ်
တို့က မင်းပြောသလောက်လည်းအသက်မကြီးသေးဘူး'

ဟိ '

ဘာဟိတာလည်း '

မဟုတ်ပါဘူး မ '

မင်းဘယ်လိုခေါ်လိုက်တယ် '

'မ လို့ခေါ်တာ ပါ မ ကြိုက်ရဲ့ လား '

အေးပါလေ ခေါ်ခေါ်
(စိတ်ထဲတွင်တော့ သိပ်ဆိုးတဲ့ကလေး ရက်ပိုင်းအတွင်းမှာ မကို အရည်ပျော်အောင်လုပ်နိုင်တယ်

ချစ် သည်းကို စိတ်ဆိုးမှာလားဟင်
ချစ်မရှိတဲ့နောက် သည်းနှလုံးသားကို လှုပ်နိုးနိုင်ခဲ့တဲ့ကလေးကို
သည်းစိတ်၀င်စားနေမိရင် ချစ်ခွင့်လွှတ်ပေးပါနော်
ချစ်ပေါ်မတရားမှန်း သိပေမယ့် ခွင့်လွှတ်ပေးပါ)

မ '
မ'
ဟင် ကလေး
ကလေး ??မ ဘယ်သူ့ကိုခေါ်တာလည်း'

မဟုတ်ပါဘူး အတွေးလွန်သွားလို့ပါ

မယ်ခ က မင်းရဲ့ အလုပ်စားပွဲကို တို့အခန်းထဲရွှေ့ပေးဖို့စီစဉ်နေတယ် ။မင်းဝိုင်းကူလိုက်ပါ။

နောက်ရက်က စပြီး မင်းက တို့အခန်းထဲမှာ အလုပ်ဆင်းရမယ်။

ဟုတ် မ
ထက် သွားလိုက်ပါအုံးမယ်'

ရုံးဆင်းချိန်ရောက်တော့

မ ထက်ပြန်လိုက်ပါအုံးမယ်

အော် အင်း မနက် တော့ အလုပ်နောက်မကျစေနဲ့နော်

စိတ်ချပါမ ' ဆိုပြီး ညာလက်လေး နှာဖူးပေါ်တင်ပြီး အလေးပြုသွားတဲ့ပုံလေး သူ့ရဲ့ သွားတက်လေး သိမ်မွေ့ ဒီနေ့အဖို့ အိပ်ပျော်ပါ့မလား။

(ဒီနေ့ အလုပ်တွေများနေလို့ နည်းနည်းတိုသွားတယ် နောက်ရက် ထပ်တင်ပေးပါမယ်😊🤞)

ဘ၀အဆက်ဆက်Where stories live. Discover now