ဒီလိုနဲ့မိုးသောက် ကိုရီးယားရောက်တာ တစ်လပြည့်ပါပြီ ။ဒီအတောအတွင်းပိတ်ရက်တွေမှာ ကိုရီးယားနိုင်ငံအမျိုးသားစစ်သမိုင်းပြတိုက်၊ ဂယောင်ဘို့ဂုံမ် နန်းတော်၊စတာတွေတော့ ကျောင်းကစီစဉ်ပေးမှုနဲ့ ရောက်ရှိပြီးခဲ့ပါပြီ။
နောက်လတွေလည်း အဲ့လိုစိတ်၀င်စားစရာအစီအစဉ်တွေရှိသေးတယ်ကြားမိပါတယ်။မိုးသောက်မပြန်ခင်တော့ မြန်မာ အများစု နေထိုင်ကြတဲ့ ဖူပြောင်း မြို့နယ်ကို သွားဖြစ်အောင်သွားမယ် ရည်စူးထားပါတယ်။ကိုရီးယားရောက် မြန်မာတွေအဖို့ ဖူပြောင်းကို မရောက်ရောက်အောင်သွားကြပါတယ်။တစ်ပါးနိုင်ငံမှာ ကိုယ့်လူမျိုးတွေ ရှိတဲ့ရပ်၀န်းငယ်လေးက အိမ်လွမ်းသူတွေအဖို့
အပန်းဖြေရာ ကိုယ့်ရေကိုယ့်မြေကို ခဏရောက်သလိုခံစားမိမှာပါ။
ဖူပြောင်းဘူတာကနေ ဆင်းပြီဆိုရင်ဖြင့် မြန်မာအငွေ့အသက်ဖြစ်တဲ့ မြန်မာလိုရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ ငါးပိ ငါးခြောက် တို့စရာကအစ မြန်မာထမင်းဟင်း မြန်မာအသုံးအဆောင်ဆိုင်တွေ နဲ့ စည်ကားတဲ့မြို့နယ်မို့လည်းမိုးသောက်သွားဖြစ်အောင်သွားချင်တာပါ။ဒါအပြင် ဖူပြောင်းမြန်မာဘုန်းကြီးကျောင်းက ကျောင်းတိုင်ဘုန်းဘုန်းကိုလည်း ဖူးမျှော်ချင်တာလည်းပါပါသေးတယ်။
မြန်မာလူမျိုးဆိုတာကတော့ ဘယ်နေရာဘယ်ဒေသရောက်ရောက် မိမိ လူမျိုး ဘာသာတရားကိုတော့ အမွန်မြတ်ဆုံး ထိပ်ဆုံးမှာ ထားတတ်ကြပါတယ်။မိုးသောက်တစ်ယောက် နေ့ဒဓူ၀ဖြစ်ပျက်တွေကို သိမ်မွေ့ကို တစ်လုံးမကျန်ပြောပြနေကျ ဒီနေ့လည်းထိုနည်းလည်းကောင်း
ပြောကြဆိုကြပြီးတော့ တစ်လလုံးဖွင့်ဖတ်ချင်နေတဲ့ သိမ်မွေ့စာလေးကို ဖောက်ဖတ်ကြည့်ရာမင်္ဂလာပါချစ်ရေ
ဒီနေ့ဆို ချစ်ရောက်တာ တစ်လပြည့်ပြီပေါ့နော်
ကလေးလည်း ချစ်ကိုလွမ်းရတာ တစ်လတင်းတင်းပြည့်ပြီ
ဘယ်လောက်ပဲ ထိန်းထားထိန်းထား ချစ်နဲ့ စကားပြောပြီး အိပ်ခါနီးဆို ငိုနေရတုန်းပါပဲ။
ချစ်ကော နေကောင်းအောင်အထူးဂရုစိုက်နော်။
ကောင်းကောင်းစား သူငယ်ချင်းတွေနဲ့ပျော်ပျော်နေ။
ကလေးကိုစိတ်မပူနဲ့ အဆင်ပြေပါတယ်။
ရာသီဥတုက မိုးရွာမယ်ဆိုတော့ ချစ် ထီးကိုတော့ဘယ်သွားသွားယူနော် ။အချိန်ကလည်း ၂:၃၀စောတယ်ဆိုပေမယ့်။ချစ်ကို ဒီနေ့ထိ မောနင်းပြောချင်လို့ ချစ်ထတဲ့အချိန် ကိုရီးယားစံတော်ချိန် ၇နာရီ ကလေးဒီဘက်မှာ ၄:၃၀ ကို ထနေတတ်ပြီ။
ချစ်ရယ် ကလေး ချစ်ကို သိပ်ချစ်ပါတယ်။
ကလေးကို ချစ်တယ်ပြောခဲ့တဲ့ ချစ်ကိုလည်းကျေးဇူးတင်တယ်။
ဘ၀မှာ ချစ်အပေါ်ဒီလောက်ချစ်ခဲ့လိမ့်မယ်လို့လည်း မထင်ထားခဲ့မိဘူး။အရာရာ ကို ချစ်ပေါ်ပေးအပ်နိုင်လိမ့်မယ်လို့လည်းမတွေးဖူးဘူး။ကလေးက ငယ်သေးတယ်ဆိုပေမယ့် ချစ်ကိုချစ်တဲ့အချစ်က ချစ်ထက်တောင် ကြီးနေမလားပဲ။တကယ်ပြောတာနော် ချစ် စာဖတ်ပြီး ပြုံးမနေနဲ့။အခုက ချစ်ကို ကြိုလွမ်းပြီးရေးရတာဆိုတော့ တစ်ခုခု လွဲတာတွေလည်းရှိရင်ရှိလိမ့်မယ်။ဖြည့်တွေးပေးနော် ။သေချာတာက ချစ်နားကို နေနိုင်ဖို့အမြဲကြိုးစားနေတယ်ဆိုတာသိထားပေး။စာကရှည်သွားပြီလား။လွမ်းတာ သတိရတာတွေပဲ ရေးနေရတော့ ချစ်ဖတ်ပြီးပျင်းနေပြီလား။
မေးခွန်းတွေများလည်း အဖြေကိုတော့ ကလေးရင်ထဲက သိနေပါတယ်။ချစ် ကလေးကို သိပ်ချစ်တာကိုပေါ့။
ဟုတ် စာကြွင်းကတော့ နောက်တစ်လ စာမှာ ဒီထက်လွမ်းရအုံးမယ်ထင်တယ်။ချစ်ကို ချစ်တယ် ကလေးကိုလည်း ထပ်ထပ်ချစ်ပေးပါ ဂရုစိုက်ပေးပါ။ရေးစရာ ဒါတွေပဲထပ်နေမယ်ထင်တယ်။
တာ့တာနော် ချစ် ကလေးစာသိပ်မရေးတတ်လို့။lvu Mua.
![](https://img.wattpad.com/cover/305286215-288-k821618.jpg)
YOU ARE READING
ဘ၀အဆက်ဆက်
Romanceကွန်ပြူတာ သင်တန်းဆရာမလေး မိုးသောက်နဲ့ သင်တန်းသူလေး သိမ်မွေ့တို့ရဲ့ ချစ်ကြမ္မာ အလှည့်ပြောင်းမှာ သိမ်မွေ့နဲ့ထက် က ရော ဘယ်လိုပတ်သတ်ကြမှာလဲ