'မ အခန်းပေါ်တက်တော့မလား ထက်လိုက်ပို့မယ်
နိုး နိုး ထက် မ မတက်ချင်သေးဘူး
အခုအိမ်သာသွားချင်တယ် လိုက်ပို့ပေးနော်မ ရဲ့ ဒယိန်းဒယိုင်နဲ့ ပြိုလဲနေသော ခန္ဓာကိုယ်ကို ထက် ဖက်ပြီးအိမ်သာကိုခေါ်သွားပါတယ် ။
သိမ်မွေ့ အိမ်သာလည်းရောက်ရော ထက် အင်္ကျီပေါ် အန်ချလိုက်ပါတော့တယ်'
ဝေါ့ ဝေါ့
မ သတိထားအုံးလေမဖြစ်သေးပါဘူး အခန်းပြန်မှ ဖြစ်မယ်
သိမ်မွေ့ ကို ထက် အခန်းထဲ ခေါ်သွားပြီး မျက်နှာသစ်ပေးတော့ နည်းနည်းတော့သက်သာခါစ ပြုနေပါပြီ။
ဒါနဲ့ထက် လည်း မ အန်ချထားတဲ့ အပေါ်ယံ အ၀တ်ကို ချွတ်လိုက်တော့ အတွင်းက ချစ်စဖွယ် ရင်နှစ်မွှာက သိမ်မွေ့ကို ဆွဲဆောင်နေတယ်
အကျီကို ရေဆေး ဆပ်ပြာနဲ့လျှော်ပြီး လှမ်းမလို့လုပ်တုန်း
နောက်ကျော ဘက်ကနေ သိုင်းဖက်ပြီး ထက် ပုခုံးပေါ်ခေါင်းလေးမှီထားတဲ့ မ
ဘေစင် မှန်ထဲကနေ ကြည့်ရတာ သိပ် ချစ်ဖို့ကောင်းတာပဲ။
မက အသက်နဲ့မလိုက်အောင် နုပျိုလွန်းတယ်။မ ဘာဖြစ်လို့ ထက်ကို ဖက်တာလဲဟင်'
မက မိုးသောက်ကို ပဲ ချစ်ခဲ့တာမလား
ထက်ကိုရော ချစ်နိုင်လို့လား''ရှူး မ ရဲ့ကလေးလေး ဘာမှ မပြောနဲ့အုံး
မ ဒီလို လုံခြုံမှုမျိုး မရခဲ့တာကြာပြီ။
အမှန်တိုင်း၀န်ခံရရင် မင်းကို စတွေ့ထဲက ချစ် ၀င်စားတဲ့ ကိုယ်ပွားလေးမှန်းမသိခင်ထဲက စိတ်၀င်စားမိတာ
မ ၀န်ခံပါတယ်
မ ချစ် ကို အရမ်းချစ်သလို ကလေး ကိုလည်း မ သိပ်ချစ်ပါတယ်။
မ နား ဘယ်လောက်ဝေးဝေးလာခဲ့ပေးလို့လည်း ကျေးဇူးတင်ပါတယ်ကလေးရယ်။ ''မ တစ် ကယ်ပြောတာလား
ထက် ကို ဒါဆို ချစ်တယ် ပေါ့နော်
ယေး ဒါမှ ထက်ရဲ့ မ 'ပျော်နေတာကြည့်ပါအုံး ကလေးလေး
ကျမ ကလေးရဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီး နှဖူးလေးကိုအနမ်းပေးလိုက်ပါတယ်။

YOU ARE READING
ဘ၀အဆက်ဆက်
Romanceကွန်ပြူတာ သင်တန်းဆရာမလေး မိုးသောက်နဲ့ သင်တန်းသူလေး သိမ်မွေ့တို့ရဲ့ ချစ်ကြမ္မာ အလှည့်ပြောင်းမှာ သိမ်မွေ့နဲ့ထက် က ရော ဘယ်လိုပတ်သတ်ကြမှာလဲ