" သွေးမြေ့ရှားဟန် ... ဘယ်ကြွမလို့လဲ ဒီကိုလာခဲ့ပါဦး ..."
အမလေး .. သောက်ပလုတ်တုတ် ...
မာမီက ဆိုင်ကိုသွားပြီ မဟုတ်ဘူးလား ...
မတတ်နိုင်တော့ပေ .. ခေါ်တော့လဲ သွားရုံပေါ့ ...
" ဒါ ဘယ်သွားမလို့လဲ ..."
" သင်တန်းသွားမလို့လေ မာမီရဲ့ ...."
" အမလေး ကြားသားမိုးကြိုးဟယ် .. နင့်သင်တန်းဆရာမငါ့ကို ဖုန်းဆက်တယ် နင်အတန်းမလာတာ တစ်လကျော်ပြီတဲ့ ...."
သူခိုးလူမိသွားတာမလို့ ချက်ချင်း မျက်နှာငယ်လေးပြောင်းကာ
မာမီ့ရှေ့ကို ဝင်ထိုင်လိုက်သည် ..." အဲ့ဒါ တစ်ကယ်တော့ ဒီလိုရှိပါတယ် မာမီ ..."
မျက်နှာကို တတ်နိုင်သမျှငယ်ကာ မာမီ့ကိုရှင်းပြဖို့ သူပြင်နေပေမယ့် စိတ်ထဲကတော့ ကိုကြီးကိုသာ သူတမ်းတမိပါသည် ...
ကိုကြီးရေ .. ငါ့ကို မကယ်နိုင်တော့ဘူးလား ...
" ဘာက ဘယ်လိုရှိပြန်တာလဲ ပြောစမ်းပါဦး ..."
" တကယ်တော့ သားနေ့တိုင်း အတန်းတတ်ပါတယ် ..."
" အဲ့ဒါဆို နင့်ဆရာမက လိမ်တာလား ..."
" အဲ့တာတော့ ဆရာမပဲ သိမှာပေါ့မာမီရယ် .. သားတကယ် သင်တန်းကို နေ့တိုင်းသွားတာပါ .. မလိမ်ပါဘူး ..."
" ဘယ်အချိန်သွားတာလဲ "
အချိန်လေးစားလွန်းတဲ့ သူ့သားအကြောင်းကို သိတာကြောင့် ဒေါ်ဟန်နီရှား မေးလိုက်ခြင်းဖြစ်သည် ...
သွေးမြေ့ရှားဟန်ဆိုတဲ့ ငါးမွှေထိုးက ခုနှစ်နာရီခေါ်ရင် ကိုးနာရီလောက်မှ ရောက်တဲ့အမျိုး ...
" ၁၂ နာရီလေ ..."
" အဲ့အချိန်သင်တန်းမှာ နင်အမှိုက်သာ သွားကောက်နေတော့ ...
ဘယ်တော့ဖြစ်ဖြစ် ဘယ်အရာကိုမှ အလေးမထားတဲ့ အကျင့်ကို ငါမကြိုက်ဘူးလို့ နင့်ကိုအမြဲပြောတယ်မလား သွေးမြေ့ရှားဟန် ..."" ဟုတ် .."
" တကတည်းဟယ် သားလေးနှစ်ယောက်မွေးထားပါတယ် နင့်ကျမှ
ဘာလို့အဲ့လောက် ပြောမကောင်းဆိုမကောင်း ဖြစ်ရတာတုန်း ..."
YOU ARE READING
မောင့် ရပ်ဝန်းငယ်
Romance" မောင့်ရပ်ဝန်းငယ်လို့ တစ်ခါခေါ်တိုင်း ငယ်ဟာ မောင့်အပိုင်ပါလားလို့ ခံစားရတဲ့ ခံစားချက်ကို မောင် သိပ်သဘောကျတယ် " #သွေးမြေ့ရှားဟန် " ကျန်ရှိတဲ့ ငါ့ဘဝ သက်တမ်းကို မောင့်အပိုင်အဖြစ် အပ်နှင်းမယ် .. မောင်က ငါ့ရဲ့ ကိုးကွယ်ရာ ဖြစ်ပေးမလား " # ရပ်ဝန်းငယ်