(4)

57 4 0
                                    

( အကို .. အိမ်ပြန်မလာသေးဘူးလား )

ဖုန်းပြောတိုင်း ဘယ်နှစ်ကြိမ်မှန်းမသိလောက်အောင် မေးတတ်လွန်းသည့် မေးခွန်း ... ထိုကဲ့သို့ မေးတိုင်းလဲ
အင်း အဲပင်မလုပ်ပဲ မိုင်းက စကားလမ်းကြောင်း လွှဲပစ်တတ်သည်

( လိမ္မော်ခြံရော အဆင်ပြေလား နန်းခမ်း )

( အကိုရယ် နန်းခမ်း အကို့ကို ပြန်လာစေချင်ပြီ .. အဖကိုလဲ ခွင့်လွှတ်ပါတော့လား )

( ဒီလောက်ဆို အကုန်အဆင်ပြေတယ် ထင်ရဲ့ .. ငါဖုန်းချပြီ နန်းခမ်း )

( အကိုရယ့် နန်းခမ်းကို စိတ်ဆိုးတာလား )

( မဟုတ်တာမို့ လျှောက်မတွေးနဲ့ ငါအလုပ်ရှိသေးလို့ တစ်ပတ်လောက် ဖုန်းဆက်ဖြစ်မှာ မဟုတ်ဘူး နေသာအောင်နေ ဒါပဲ )

စကားကို အပိုတွေပြောရတာ မိုင်းအတွက် သိပ်ကို ခက်ခဲလွန်းသည် .. အိမ်က ထွက်လာကတည်းက နေ့စဉ်ရက်ဆက် ဖုန်းခေါ်ရင်း အိမ်ပြန်လာဖို့ခေါ်တတ်သည့် ညီမကိုလဲ မိုင်း သနားပါသည် ... ပြန်လာမှာပါလို့လဲ သူမလိမ်ချင် ..

မတွေ့ချင်တဲ့ လူကိုတွေ့နေရတာထက် အိမ်ပြေးဖြစ်ရသည်က ပို၍ စိတ်ချမ်းသာဖို့ ကောင်းသည်

မိဘအိမ်ဆိုတဲ့နေရာကို သူ‌ခြေထပ်မချဖို့ ဆုံးဖြတ်ခဲ့သည်မှာလဲ
အဖ နောက်အိမ်ထောင်ပြုသည့်နေ့ကတည်းက ..

အရွယ်ရောက်နေသည့် မိုင်းတို့ မောင်နှမကို တစ်ချက်တစ်လေမှ မတိုင်ပင်ပါပဲ အဖဆိုသည့်လူက အမိဆုံးသည့် တစ်လပြည့်နေ့မှာပင် နောက်အိမ်ထောင် ပြုခဲ့သည်

ယူခဲ့သည့် မိန်းမကလဲ အမိရဲ့ ငယ်သူငယ်ချင်း .. သူငယ်ချင်းရဲ့ မျက်နှာကိုမထောက် အဖဆိုသည့်လူကို လက်ခံခဲ့သည်ကလဲ ချစ်၍မဟုတ်တာကို မိုင်းသိပါသည် ..

အကြောင်းအရင်းက မိုင်းတို့ မိသားစုပိုင်ဆိုင်သည့် သစ်သီးခြံတွေနဲ့ နှစ်လုံး သုံးလုံးရှိသော ဟိုတယ်တွေကို မက်လို့ပင်ဖြစ်သည် ..

အဲ့ဒီ့ပိုင်ဆိုင်မှုတွေကလဲ အမိရဲ့ မိဘတွေက မိုင်းတို့မောင်နှမနှစ်ယောက်ရဲ့ ရှေ့ရေးအတွက် ပေးထားခဲ့တာပင်

မောင့် ရပ်ဝန်းငယ် Where stories live. Discover now