(2)

64 4 0
                                    

" ဒီနေ့ ဟိုငါးမွှေထိုး ပြန်လာမှာမလား "

" အင်း ဒီနေ့ရောက်မယ်ပြောတယ် မာမီ "

ဖုန်းတစ်ချက်မှ ဆက်ဖော်မရပါပဲ သူ့အကိုကိုသာ ဖုန်းဆက်ပြီး
မာမီ့ကို ကိုကြီးပဲ ထိန်းပေးပါတဲ့

ဆူမှာကျတော့ ကြောက်တတ်ပြီး လုပ်ချင်ရင် ဇွတ်လုပ်တတ်သည့်
ညဉ်ဆိုးလေးမို့ အမေဖြစ်သူက စိတ်မပူလို့မရပေ

အမေဖြစ်သူကို သူငယ်ချင်းပေါင်းနည်း ပေါင်းသည့်အပြင်
သူဆိုးသမျှကို အကိုဖြစ်သူက အမြဲလိုက်ရှင်းပေးသည်မို့
အဆိုးအပေလေးက ထိန်းမရသိမ်းမရ ဖြစ်နေခြင်းပင်

အခုလဲ အဖိုးနဲ့ ညစာစားရမယ့်နေ့မို့လို့ ဘယ်မှလျှောက်မသွားဖို့
အသေအချာ ပြောထားတာကိုတောင် အဖွားကိုလွမ်းလို့ ဘန်ကောက်ရောက်နေသည်တဲ့

အဲ့တော့ အဖိုးဖြစ်သူက သူ့ကို အလေးမထားရကောင်းလားဆိုပြီး
စိတ်ဆိုးပြန်သည် .. သူမနဲ့ သားကြီးမှာသာ အဖေ့ကို ကွေ့ပတ်ပြီး လိမ်လိုက်ရတာ ..

အမေနဲ့ အကိုက အလိုလိုက် အဖွားကအလိုလိုက်နဲ့မို့ ဆိုးချင်တိုင်း
ဆိုးနေသည့် အဆိုးအပေလေးကို ဒီနေ့တော့ ဆုံးမမှကို ရပေတော့မည်

" မာမီ ဆိုင်မသွားဘူးလား "

" ဒီနေ့နားမလို့ သားသွားတော့လေ "

" ဟုတ်ကဲ့ "

ညီ့ကို ဆူဖို့ မာမီစောင့်နေမှန်း မာန်သိပေမယ့် ဘာမှမပြောချင်တာမို့
Company သွားဖို့သာ ထွက်လာလိုက်သည်

ညီက ဘန်ကောက်ကနေ ပြန်ရောက်ရင်တောင် အိမ်တန်းပြန်မှာ မဟုတ်တာကို မာန်က အတပ်သိသည်လေ

မာမီတော့ တစ်မနက်လုံး စိတ်ရှည်ရှည် စောင့်ရတော့မှာ ...

....................................

" အားးး ပျင်းလိုက်တာကွာ "

အိပ်ရာနိုးနိုးချင်း hotel မျက်နှာစာ ရှေ့က ရေကူးကန်နား လှဲချကာ
ရပ်ဝန်း စိတ်ပျက်လက်ပျက် ညည်းလိုက်သည်

ဒီရက်အတွင်း မနဲ့လဲ အဆင်မပြေတာမို့ ဘာမှလဲ လုပ်ချင်ကိုင်ချင်စိတ်မရှိ

မောင့် ရပ်ဝန်းငယ် Where stories live. Discover now