ကျယ်ဝန်းလှသော ဆိုင်ကယ် ပြိုင်ကွင်းအတွင်း
တစ်စီးတည်း ပြေးလွှားနေသော ဆိုင်ကယ် တစ်စီးရှိလို့နေသည်။ပြိုင်ဘက်ဟူ၍ မရှိသည့်တိုင် ထိုဆိုင်ကယ်ရဲ့ အရှိန်နှုန်းကတော့ လေခွင်းသည့် မြှားတစ်စင်းနှယ် လျင်မြန်လျက်ပင် ။
မိနစ် နှစ်ဆယ်လောက် မောင်းနှင်အပြီးမှာတော့ ဆိုင်ကယ်ကို ပြိုင်ကွင်းအလယ်တွင်သာ ရပ်ပြီး ညှို့အားပြင်းသည့် မျက်လုံးအစုံနဲ့ ယောကျာ်းပျိုက နားနေရာသို့ လျှောက်လှမ်းလာလေသည်။
ထိုသူကား ဤဆိုင်ကယ်ပြိုင်ကွင်းရဲ့ နှစ်ယောက်မရှိသည့် ပြိုင်ပွဲသခင် Vin ခေါ် သွေးမြေ့ရှားဟန်ပင် ဖြစ်လေသည်။
အေးစက်သည့် အငွေ့အသက်နဲ့ ထိုယောကျာ်းပျိုက
ရုပ်ရည် , ပစ္စည်းဥစ္စာ အပြင် အရည်အချင်းမှာလဲ ပြစ်ချက်မရှိသည်မို့ မိန်းကလေးရော ယောကျာ်းလေးများပါမကျန် ကြွေဆင်းရသည့် နတ်ဘုရားတစ်ပါးပင် ဖြစ်လေသည်။အမှောင်လောကရဲ့ တစ်စိတ်တစ်ဒေသလို့လဲ နာမည်ကြီးပေမယ့် တကယ်ပဲ ထိုလုပ်ငန်းတွေ လုပ်နေလားဆိုတာကိုတော့ မည်သူမျှ အတပ်မသိပေ။
လုပ်နေခဲ့လျှင်တောင် Vin ဆိုသည့်သူ့ကို ဘယ်တရားဥပဒေကမှ ထိရဲမည်မဟုတ်။
မြန်းစံအိမ်တော်ရဲ့ သခင်လေးဆိုတာနဲ့ ပြသနာတိုင်းက မီးကိုရေနဲ့ငြိမ်းတာထက်တောင် ပို၍မြန်မြန်ငြိမ်းသည်ပင်။" Vin ဒီနေ့ စိတ်ဆက်နေတယ်မဟုတ်လား "
Kiyo .. မြန်းစံအိမ်တော်၏ စီးဖွားဖက်တစ်ဦးရဲ့သား .... ဖခင်ရဲ့ အာဏာ စည်းစိမ်နဲ့ လက်ညှိုးညွှန်ရာ အလိုပြည့်နေသော သူဌေးသားပင်။
ဒါပေမဲ့ သိပ်ပြီး ဆိုးကန်းနေသည်တော့မဟုတ် ။
လူငယ်ပီပီ အသောက်အစား အပျော်အပါးတော့ မက်သည်။ ဒါဟာလဲ လူချမ်းသာ အသိုင်းအဝိုင်းအတွက် အထူးအထွေတော့ မဟုတ်။မိသားစုချင်း လုပ်ငန်းအရ ပက်သက်
နေရသည့်အပြင် မြေ့ရှားနဲ့ ဆိုင်ကယ်ပြိုင်ပွဲအတွင်း သိခဲ့ကြသည်မို့ ထိုင်းနိုင်ငံက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလဲဖြစ်လေသည်။
YOU ARE READING
မောင့် ရပ်ဝန်းငယ်
Romance" မောင့်ရပ်ဝန်းငယ်လို့ တစ်ခါခေါ်တိုင်း ငယ်ဟာ မောင့်အပိုင်ပါလားလို့ ခံစားရတဲ့ ခံစားချက်ကို မောင် သိပ်သဘောကျတယ် " #သွေးမြေ့ရှားဟန် " ကျန်ရှိတဲ့ ငါ့ဘဝ သက်တမ်းကို မောင့်အပိုင်အဖြစ် အပ်နှင်းမယ် .. မောင်က ငါ့ရဲ့ ကိုးကွယ်ရာ ဖြစ်ပေးမလား " # ရပ်ဝန်းငယ်