(7)

40 2 0
                                    

" မိနွယ် .. လိမ္မော်သီးဖျော်ရည် ဖျော်ထားတော့
ခနနေ ငါ့မြေးရောက်လာတော့မယ် "

" ပြီးရင် ရေခဲသေတ္တာထဲက ပန်းသီးတွေရော အခြားအသီးတွေပါ ခြံထဲက အလုပ်သမားတွေ အတွက် ယူသွားလိုက် တစ်လုံးမှ ထားခဲ့တာ မမြင်ချင်ဘူးနော်
ပြီးရင် ဝယ်လာတဲ့ အသီးတွေကို ထည့်လိုက်
ငါ့မြေးလေးက ပန်းသီးနဲ့ ဓာတ်မတည့်ဘူး အဲ့အသီးမထည့်နဲ့
"

" ဟင်းတွေကိုလဲ အစပ်လျှော့ထားရဲ့လား ဆီလဲ မများစေနဲ့နော် .. ပြီးတော့ "

စံအိမ်တော်ထဲတွင်ကား ဒေါ်မြနီလာသွေးရဲ့ ကြီးကြပ်မှုက
ဒေါင့်စိလို့နေပေသည် .. ဘာတစ်ခုမှ အမှားအယွင်းမရှိစေဖို့
သူကိုယ်တိုင် ဝင်ကြီးကြပ်နေရသည့် အကြောင်းကား

သူမရဲ့ အသည်းကျော်မြေးလေး တစ်လအကြာမှ ထိုင်းသို့ လာတော့မည်ကြောင့် ဖြစ်လေသည် ..

" မေမေကြီးရယ် မိနွယ် အကုန်လုပ်ပြီးပါပြီ စိတ်ချပါ ..."

" အေး .. နင်တို့ကို စိတ်ချချင်ပေမယ့် ငါ့မြေးလေး စိတ်ကွက်သွားမှာ စိုးရိမ်တယ်ဟေ့ ..
ငါ့မြေးလေးဆိုရင် သူ့အမေကတောင် အဲ့လောက်ဂရုစိုက်တာမဟုတ်ဘူး ... ငါ့မြေးအကြိုက်
ငါပဲသိတာ ..."

ဒေါ်မြနီလာသွေးရဲ့ စကားကြောင့် အိမ်တော်ထဲရှိ အစေခံမိန်းကလေးတွေက ခေါင်းချင်းဆိုင်ကာ တစ်ခါမှ မမြင်ဖူးသည့် အကိုလေးဆိုသူကို
အားကျကြောင်း တီးတိုးပြောဆိုကြလေသည် ..

သူတို့က စံအိမ်တော်မှာ အလုပ်ဝင်တာ မကြာသေးသည်မို့ စံအိမ်တော် သခင်လေးကို မမြင်ဖူးခြင်းပင် ...

မိနွယ်ဆိုသူ အိမ်တော်ထိန်းခေါင်းဆောင်မလေးကတော့
မေမေကြီးရဲ့ စကားကို ဟုတ်ကြောင်း ခေါင်းငြိမ့်ထောက်ခံကာ ဂုဏ်ယူစွာ ပြုံးလေသည် ...

မိနွယ် ဆယ့်လေးနှစ်အရွယ်ထဲက မေမေကြီးနဲ့ အတူနေလာခဲ့တာကြောင့် အကိုလေးကို မိနွယ်ကောင်းကောင်းသိပါသည် ...

အကိုလေးက စံအိမ်တော်ရဲ့ အမွေဆက်ခံသူဖြစ်ကြောင်း
ရုပ်ရည်အားဖြင့် အပြစ်အနာအဆာမရှိကြောင်းကိုလဲ တခြားအစေခံကောင်မလေးတွေကို အာပေါင်အာရင်းသန်သန် ဖောက်သည်ချတတ်သေးသည်ပင် ...

မောင့် ရပ်ဝန်းငယ် Where stories live. Discover now