(1)

220 6 0
                                    

" သွေးမြေ့ရှားဟန် ... ဘယ်ကြွမလို့လဲ ဒီကိုလာခဲ့ပါဦး ..."

အမလေး .. သောက်ပလုတ်တုတ် ...

မာမီက ဆိုင်ကိုသွားပြီ မဟုတ်ဘူးလား ...

မတတ်နိုင်တော့ပေ .. ခေါ်တော့လဲ သွားရုံပေါ့ ...

" ဒါ ဘယ်သွားမလို့လဲ ..."

" သင်တန်းသွားမလို့လေ မာမီရဲ့ ...."

" အမလေး ကြားသားမိုးကြိုးဟယ် .. နင့်သင်တန်းဆရာမငါ့ကို ဖုန်းဆက်တယ် နင်အတန်းမလာတာ တစ်လကျော်ပြီတဲ့ ...."

သူခိုးလူမိသွားတာမလို့ ချက်ချင်း မျက်နှာငယ်လေးပြောင်းကာ
မာမီ့ရှေ့ကို ဝင်ထိုင်လိုက်သည် ...

" အဲ့ဒါ တစ်ကယ်တော့ ဒီလိုရှိပါတယ် မာမီ ..."

မျက်နှာကို တတ်နိုင်သမျှငယ်ကာ မာမီ့ကိုရှင်းပြဖို့ သူပြင်နေပေမယ့် စိတ်ထဲကတော့ ကိုကြီးကိုသာ သူတမ်းတမိပါသည် ...

ကိုကြီးရေ .. ငါ့ကို မကယ်နိုင်တော့ဘူးလား ...

" ဘာက ဘယ်လိုရှိပြန်တာလဲ ပြောစမ်းပါဦး ..."

" တကယ်တော့ သားနေ့တိုင်း အတန်းတတ်ပါတယ် ..."

" အဲ့ဒါဆို နင့်ဆရာမက လိမ်တာလား ..."

" အဲ့တာတော့ ဆရာမပဲ သိမှာပေါ့မာမီရယ် .. သားတကယ် သင်တန်းကို နေ့တိုင်းသွားတာပါ .. မလိမ်ပါဘူး ..."

" ဘယ်အချိန်သွားတာလဲ "

အချိန်လေးစားလွန်းတဲ့ သူ့သားအကြောင်းကို သိတာကြောင့် ဒေါ်ဟန်နီရှား မေးလိုက်ခြင်းဖြစ်သည် ...

သွေးမြေ့ရှားဟန်ဆိုတဲ့ ငါးမွှေထိုးက ခုနှစ်နာရီခေါ်ရင် ကိုးနာရီလောက်မှ ရောက်တဲ့အမျိုး ...

" ၁၂ နာရီလေ ..."

" အဲ့အချိန်သင်တန်းမှာ နင်အမှိုက်သာ သွားကောက်နေတော့ ...
ဘယ်တော့ဖြစ်ဖြစ် ဘယ်အရာကိုမှ အလေးမထားတဲ့ အကျင့်ကို ငါမကြိုက်ဘူးလို့ နင့်ကိုအမြဲပြောတယ်မလား သွေးမြေ့ရှားဟန် ..."

" ဟုတ် .."

" တကတည်းဟယ် သားလေးနှစ်ယောက်မွေးထားပါတယ် နင့်ကျမှ
ဘာလို့အဲ့လောက် ပြောမကောင်းဆိုမကောင်း ဖြစ်ရတာတုန်း ..."

မောင့် ရပ်ဝန်းငယ် Where stories live. Discover now