Unicode
"ဘာကြောင့်လဲ ဘာကြောင့်လဲကွာ
ဘာလို့များ မင်းက အဲ့မိန်းမသမီးဖြစ်ရတာလဲ
ကိုယ်ချစ်တဲ့သူတွေကို
ကိုယ့်အနားကနေထွက်သွားစေခဲ့တာ
အဲ့မိန်းမ ကိုယ်လက်တုံ့ပြန်ချင်တယ်
ကိုယ်သူ့ဘဝကို နာကျင်မှုတွေနဲ့
ရှေ့ဆက်ခိုင်းချင်တယ်
ကိုယ်ခံစားရတာထက် အဆပေါင်းများစွာ ခံစားစေချင်တယ်
ကိုယ်အတ္တကြီးနေတာလား မဟုတ်ဘူး
ကိုယ်တရားမျှတမှုယူနေတာပါ
အဲ့တရားမျှတမှုတွက်
ဓါးစာခံကမင်းတဲ့လား
ကိုယ်မင်းကိုအရမ်းချစ်တယ်
ဒါပေမဲ့ကိုယ်မုန်းတယ်
မင်းကအဲ့မိန်းမသွေးသားမို့
ကိုယ်ဘယ်လောက်ပဲနာကျင်ရပါစေ
ကိုယ့်ရှေ့မှာ ဖခင်တစ်ယောက်လုံး သွေးအိုင်ထဲမှာ အသက်ထွက်သွားရတဲ့မြင်ကွင်းကို မမေ့ဘူး မမေ့ဘူး
ဒေါ်ခက်ပန်းသစ္စာ
ခင်ဗျားမီးလိုပူနေဖို့ဆူးကို
ကျွန်တော်ရက်စက်ပြချင်တယ်
ကျွန်တော့ကို ဒီလိုဖြစ်စေတဲ့ ခင်ဗျားကို ကျွန်တော်တုန့်ပြန်ခံစားခိုင်းမယ်
ဆူး
မင်းကို အရမ်းချစ်တယ် ဒါပေမယ့်
ကိုယ်က နတ်ဆိုးတစ်ယောက်
လူတွေသတ်မှတ်ထားတဲ့ နတ်ဆိုးတစ်ယောက်
ကိုယ့်ဂုဏ်ပုဒ်က အလကားရထားတာမဟုတ်ဘူး
ကိုယ်တစ်ကယ်ရက်စက်ပြနိုင်လို့ပဲ ဆူး"☀️ နေမာန်န ☀️
"ဆူးကို
ဘာတွေမကျေနပ်နေတာလဲကိုနေရယ်
ရှင့်ကိုဘယ်လိုနားလည်ရမှာလဲ
ဆူးကိုချစ်တယ်ဆို
ခု ဘာလို့ရင့်သီးနေရတာလဲ
ဆူးအချစ်ဆိုတာကို မသိဘူး
ချစ်လဲ မချစ်ခဲ့ဖူးဘူး ဒါပေမယ့်
ခုရှင့်ကြောင့်အချစ်ဆိုတာကိုသိလာပြီ ဆူးရှင့်ကိုချစ်နေပြီ ဆူးချစ်တတ်လာတော့မှ
ဆူးရင်ကိုခွဲမလို့လား ကိုနေရယ် ဟင့်ဟင့်
ဆူးကိုမမုန်းလိုက်ပါနဲ့ ဒီရင်ဘတ်ထဲက နာလို့ပါ
ဟင့် ဟင့်"🌹 ဆူးနှင်းဆီ 🌹
"မဟုတ်ဘူး သမီးလေးနဲ့ဘာမှမဆိုင်ဘူး
သမီးလေးက ဘာမှမသိရှာတဲ့သူပါ သားမာန်
မင်းအပြစ်ပေးချင်ရင် အန်တီ့ကိုပေးပါ
သမီးလေးကို မပေးပါနဲ့
မင်းလဲသူ့ကိုချစ်တာပဲလေ
အန်တီ့ကိုသမီးလေးအနားမလာစေချင်ရင်
မလာပါဘူး သေဆိုလဲသေပေးပါ့မယ်
သမီးလေးကိုတော့ ဆွဲမထည့်ပါနဲ့
သားမာန်ရယ် သမီးလေးကို
ချမ်းသာပေးပါနော်"
ВЫ ЧИТАЕТЕ
နေမာန်နရဲ့ ဆူးနှင်းဆီ / နေမာန်နရဲ့ ဆူးနှင်းဆီ OC (Completed)
Любовные романы" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ကိုယ်တို့အတူတူသေကြမယ် အဲ့လောက်ထိ မင်းကို ချစ်တာပါ ဆူးရယ် " ...