Unicode
🌹 နေမာန်နရဲ့ ဆူးနှင်းဆီ 🌹
အပိုင်း၄
'သခင်လေး ကျနော်လိုက်သွားရမလား'
နေစိုးကမေးလိုက်ခြင်းဖြစ်သည်၊
'မလိုက်နဲ့ အနီးအနားကရန်စွယ်ကိုငါညွှန်ကြားလိုက်မယ် သူငါ့ဆီခေါ်လာလိမ့်မယ်'
သူ့ဆီကသူမ ပြေးမလွတ်ပါဘူးသူ့ရဲ့ ညာလက်ရုံး ရန်စွယ်ကိုသူအစောကြီးတည်းကဒီအိမ်ရဲ့မလှမ်းမကမ်းကနေစောင့်ကြည့်ကာလိုအပ်ရင်လှုပ်ရှားဖို့ညွှန်ကြားထားပီးသားဖြစ်သည်။ဒီကောင်မလေးပြေးလဲရန်စွယ်ဆီပဲရောက်မှာမို့။
'ကဲ ဒေါ်စန္ဒာချို ခင်ဗျားကတော့ကျုပ်လူတွေနဲ့လိုက်သွား ပြီးမှခင်ဗျားကိုဘာလုပ်ရမလဲ ဆိုတာကျုပ်စဉ်းစားမယ် ကဲနေစိုး ခေါ်သွားတော့'
'မောင် မောင်နေမာန်န အန်တီ့ကို'
'ကျုပ်ကိုအတွန့်မတက်နဲ့ဒေါ်စန္ဒာချို လိုက်သွားဆိုလိုက်သွား နေစိုး'
'ဗျာသခင်လေး'
'ဒီအိမ်ကိုချိတ်ပိတ်ပြီးလူစောင့်ချထားလိုက်'
'ဟုတ်ကဲ့သခင်လေး'.......၊
.....'ဟောဟဲ မမလေး ဟောဟဲ အိတုံမောတယ် မပြေးနိူင်တော့ဘူး'
အိမ်နဲ့တော်တော်လှမ်းလာပြီမို့သူမလဲမပြေးနိူင်တော့ပါ ကြောက်ကြောက်နဲ့ထွက်ပြေးလာတာခုတော့ဘယ်သွားလို့ ဘယ်လာရမှန်းမသိပါ။
'ဟင်း ဟင်း အိတုံ'
'ရှင် မမလေး'
'နှင်းဆီတို့ဘယ်သွားကြမှာလဲဟင်'
အိတုံလဲမဖြေနိူင်ပါ၊
ဆယ့်တစ်နှစ်သမီးအရွယ်တည်းကဖေဖေကြီးကခေါ်ယူမွေးစားခဲ့တာမို့သူမမှာလဲ ဆွေမျိုးရယ်လို့မရှိပါ။'မသိဘူးမမလေးရယ် အီးဟီး အိတုံတို့လမ်းဘေးရောက်ပီလား'
'ဟင် မငိုပါနဲ့အိတုံရယ် လာဒီမှာခနထိုင်နေကြမယ်နော်'
နှစ်ယောက်သားလမ်းပလက်ဖောင်းပေါ်မှာဒူးတုတ်လေးထိုင်ချလိုက်ကြသည်၊
နှင်းဆီ သူမမှာလဲအပေါင်းသင်းမိတ်ဆွေဆိုတာမရှိ၊ဘာလုပ်ရမလဲ၊အန်တီရောဘာများဖြစ်ကျန်ခဲ့ပြီလဲတွေးရင်း သူမကြောက်လာသည်၊
ဘယ်မှသွားစရာမရှိ မိန်းကလေးနှစ်ယောက်တည်း၊ဖေဖေရယ်သမီးကိုကူပါဦး သမီးဘာလုပ်ရမလဲ။
DU LIEST GERADE
နေမာန်နရဲ့ ဆူးနှင်းဆီ / နေမာန်နရဲ့ ဆူးနှင်းဆီ OC (Completed)
Romantik" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ကိုယ်တို့အတူတူသေကြမယ် အဲ့လောက်ထိ မင်းကို ချစ်တာပါ ဆူးရယ် " ...