5(uni&zawgyi)

8.8K 243 5
                                    

Unicode

🌹 နေမာန်န ရဲ့ ဆူးနှင်းဆီ 🌹

အပိုင်း၅

သူနမ်းတာ အချိန်ကြာလာတော့သူမအသက်ရှုကြပ်လာပြီမို့သူလွတ်ပေးလိုက်သည်။ သူလွတ်ပေးလိုက်တာနဲ့တံခါးဆီပြေးဖို့ကြံတော့ သူမခါးလေးကိုပြန်ဆွဲဖက်ထားလိုက်သည်။

'ဟင်အင့် လွတ်ပေးပါ နှင်းဆီကြောက်တယ် ဟင့် ဟင့်'

'ကျစ် မင်းမငိုနဲ့ ငိုရင်ထပ်နမ်းမှာ'

သူပြောလိုက်မှမငိုတော့ဘဲငြိမ်သွားသည်၊

*အဟက် စကားနားထောင်သား*။

'ကဲ ဆူး ကိုယ်ရေချိုးလိုက်ဦးမယ် ကိုယ်ရေချိုးပြီးရင်ဝတ်ဖို့ မင်းအဝတ်စားထုတ်ထားပေးပါ အိုကေ'

သူမကပြန်မ‌‌ဖြေ ငြိမ်ကုပ်နေသည်၊

'ဟေ့ '

'ဟင်'

'ကိုယ်ပြောတာနားထောင်နေလား'

'ဟုတ် ဟုတ် နှင်းဆီ ထုတ်ထားပေးပါ့မယ်'

ဒီတော့မှသူ သူမကိုလွတ်ပေးလိုက်ကာ
ကိုယ်ရေချိုးလိုက်ဦးမယ်ဆိုကာ လှည့်အထွက်။

'ဟို ဟိုလေ'

သူပြန်လှည့်ကြည့်ကာ၊

'အင်း ပြောလေ'

'အဝတ်စားတွေကဘယ်မှာလဲဟင် ဟို နှင်းဆီကခုမှဒီအိမ်ကိုရောက်တာလေ ဘာမှမသိလို့'

'မင်းနောက်ကဗီရိုထဲမှာ ကိုယ့်အဝတ်အစားတွေရှိတယ်'

နှင်းဆီလှည့်ကြည့်လိုက်ကာ၊

'ဟုတ် နှင်းဆီ ထုတ်ထားလိုက်မယ်'

'အင်း ဒီအခန်းကကိုယ့်အခန်း ဘယ်နေရာဘာထားတယ်ဆိုတာမင်းရင်းနှီးအောင်လုပ်ထား ပြီးတော့ကိုယ်ကအဖြူရောင်ကြိုက်တယ်ဆူး'

'ဟင်'

သူပြောပြီးရေချိုးခန်းဆီဝင်သွားသည်၊

နွင်းဆီကေတာ့ ကြောင်ပြီးရပ်ကြည့်နေရင်းမွ၊

' သူငါ့ကိုဘယ်လိုခေါ်လိုက်တာ
ဆူးတဲ့လား'။.....

.......'ဒေါ်ခင် အားလုံးပြီးပြီလား'

'ပြီးပါပြီသခင်လေး'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Où les histoires vivent. Découvrez maintenant