2(uni&zawgyi)

10.8K 256 10
                                    

Unicode

🌹နေမာန်နရဲ့ဆူးနှင်းဆီ🌹

အပိုင်း ၂

🌹🌹🌹နှင်းဆီတို့မနက်စာပြင်လို့ပီးသည်နှင့်ဒေါ်စန္ဒာချိုလဲအပေါ်ထပ်ကဆင်းလာသည်၊

အိတုံကတော့နှာခေါင်းရှုံနေသည် အိတုံဘာလို့ နှာခေါင်းရှုံလဲနှင်းဆီသိသည် အနားမရောက်ခင်တည်းကရနေတဲ့ရေမွှေးနံဆူးဆူးကြောင့်နဲ့ နီရဲတွတ်နေအောင်ဆိုးထားတဲ့ နှုတ်ခမ်းနီကြီးကြောင့်ဖြစ်သည်။ ဒေါ်စန္ဒာချို လှတာတော့လှပါသည် ခေတ်လဲဆန်သည် ဒါပေမယ့်ပြင်လွန်းအားကြီးတော့ ဘယ်လိုကြီးမှန်းမသိ လူတွေပြောကြသလို ဘာတဲ့ ပြင်လွန်းလို့ ဘာဖြစ်တယ်ဆိုလား၊

'ဟဲ့ ငါ့ကိုဘာပြူးပြဲကြည့်နေတာလဲ'

'ဟမ် '

ကိုယ့်အတွေးနဲ့ကိုယ် အနားရောက်လာမှ အော်ထည့်လိုက်တဲ့ ဒေါ်စန္ဒာချိုကြောင့် နှင်းဆီရောအိတုံပါလန့်သွားရသည်၊

'ဟို ဟို ဘာမှမဟုတ်ဘူး အန်တီ'

ဒေါ်စန္ဒာချို မျက်စောင်းထိုးလိုက်ရင်း၊

'ဒီမနက်စာဘာလဲ'

'မုန့်ဟင်းခါးပါအန်တီ'

'ဘာ'

'အမလေး အန် အန်တီ ဘာလို့လဲ'

'မုန့်ဟင်းခါး ဟုတ်လား နင့်ကိုငါထမင်းပေါင်းလုပ်ခိုင်းထားတာလေ'

သူမသိပါသည် ဒါပေမယ့်ထမင်းပေါင်းလုပ်ဖို့ အမယ်တွေဝယ်ရမည် ဝယ်ဖို့ရာအန်တီကပိုက်ဆံမပေးတော့ နှင်းဆီရှိတာနဲ့ မုန့်ဟင်းခါး ချက်လိုက်တာပါ၊

'နှင်းဆီ သိပါတယ်အန်တီ ဒါပေမယ့် အမယ်တွေမစုံလို့'

'မစုံ စုံအောင်ဝယ်ထားလေ'

'ဟို နှင်းဆီမှာ ပိုက်ဆံမရှိဘူး အန်တီ'

'အဲတော့ မချက်ထားဘူးပေါ့'

'ဟုတ် ဟုတ်ပါတယ်'

'ကောင်းပီ ဒီနားလာစမ်း'

'ဟင်မမလေး'

အိတုံအထိတ်တလန့်နဲ့ သူမမလေးကိုကြည့်လိုက်သည်၊

'ဟဲ့ခေါ်နေတယ်လေ'

'ဟုတ် လာ လာပါပြီအန်တီ'

နေမာန်နရဲ့ ဆူးနှင်းဆီ   /  နေမာန်နရဲ့ ဆူးနှင်းဆီ OC  (Completed)Opowieści tętniące życiem. Odkryj je teraz