Unicode
🌹 နေမာန်နရဲ့ဆူးနှင်းဆီ 🌹
အပိုင်း၆
'သခင်လေး သူရောက်ပါပြီ'
'အင်း'
'ဟို ဒီကသခင်လေး အိတုံကိုဘာလို့ခေါ်တာလဲဟင်'
'မင်းကိုမေးစရာတွေရှိနေလို့'
'ရှင် ဘာမေးမှာ'
'မင်းအရင်ထိုင်လိုက်ပါ'
အိတုံလဲသူပြောလိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။
'မင်းနာမည် အိတုံနော်'
' ဟုတ်ကဲ့'
'ဒါဆိုရင်ကိုယ်မေးမယ် ဆူးနှင်းဆီနဲ့မင်းကအတူနေလာတာကြာပြီပေါ့'
'ဟုတ် အိတုံ ဆယ့်တစ်နှစ်သမီးတည်းကမမလေးနဲ့အတူနေလာတာပါ'
'အင်း ခုမင်းအသက်ဘယ်လောက်လဲ မင်းမမလေးကမင်းထက်ကြီးမယ်ထင်တယ်'
'ဟုတ် အိတုံအသက်က၁၉နှစ်ရောက်ပါပြီ မမလေးကအသက်၂၂ထဲမှာပါ'
အဟွန်း သူမလေးကသူ့ထက်ခုနှစ်နှစ်လောက်ငယ်တာပဲ။
'အင်း ဟုတ်ပြီ ကိုယ်မေးချင်တာက မင်းမမလေးနဲ့မင်းစတွေ့တဲ့အချိန်ကစလို့ မနေ့ကထိဖြစ်ပျက်ခဲ့တာတွေကိုမချွင်းမချန်အကုန်ပြောပြပါ လိမ်ညာတာတွေ လျှိုထားတာတွေ ကိုယ်မကြိုက်ဘူး သူနဲ့ပက်သက်လို့အကုန်သိချင်တယ် တကယ်လို့မင်းအမှန်တိုင်းမပြောရင် မင်းကိုမင်းမမလေးနဲ့အဝေးဆုံးကိုပို့ပစ်မယ် ဘယ်တော့မှမတွေ့ရတော့ဘူး'
'ဟင် မ မလုပ်ပါနဲ့ အိတုံအကုန်ပြောပါ့မယ် မမလေးနဲ့အိတုံကို မခွဲပါနဲ့နော် ဟင့် မမလေးကိုအိတုံမခွဲနိူင်ဘူး မတွေ့ပဲလဲမနေနိူင်ဘူး အိတုံမှာမမလေးပဲရှိတာပါ ဟင့်'
'အဲဒါဆို ကိုယ့်ကိုမင်းအစ်ကိုလိုသဘောထားပြီးအကုန်ပြောပြ ကိုယ်အားလုံးအမှန်အတိုင်းသိရမှဖြစ်မယ် ဟုတ်ပြီလား'
'ဟုတ် ဟုတ်ကဲ့'
အိတုံအသက်ဝဝရှုကာ၊
'အိတုံအသက်ဆယ့်တစ်နှစ်လောက်မှာ
မမလေးတို့အိမ်ကို စရောက်တာပါ
မမလေးဖေဖေကအိတုံကို မွေးစားဖို့ ခေါ်လာတာပါ'
ESTÁS LEYENDO
နေမာန်နရဲ့ ဆူးနှင်းဆီ / နေမာန်နရဲ့ ဆူးနှင်းဆီ OC (Completed)
Romance" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ကိုယ်တို့အတူတူသေကြမယ် အဲ့လောက်ထိ မင်းကို ချစ်တာပါ ဆူးရယ် " ...