"သခင်လေးကမာနကြီးလွန်းတယ်"
Part- 6
For unicode
"ဝမ်..ဝမ်ရိပေါ်!"
"မတွေ့ရတာကြာပြီနော် ရှောင်းကျန့်"
"မင်း! မင်းကဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
"ဘာလဲ သေသွားပြီထင်နေတာလား"
ဝမ်ရိပေါ်ကရှောင်းကျန့်ကိုမျက်မှောင်ကျုပ်ကြည့်ကာခပ်ရွဲ့ရွဲ့မေးလိုက်၏။ သူ့ကိုတွေ့တာသရဲသဘက်တွေ့တဲ့အတိုင်း၊သူကိုတွေ့လို့ဝမ်းသာသွားရမယ့်မျက်နှာအစားသွေးမရှိတော့သလိုဖြူဖပ်ဖြူရော်ဖြစ်နေ၏။ ဝမ်ရိပေါ်လုံးဝကိုသည်းမခံနိုင်တော့။ အစကနေအဆုံးအထိရှောင်းကျန့်ကသူ့ကိုစိတ်ထဲမထည့်ခဲ့တာ..။
"အလုပ်အပ်တာမင်းလား"
"ဟုတ်တယ် ခင်များကကျုပ်ပုံဆွဲပေးရမှာ
တစ်ညလုံး ကျွှန်တော်စိတ်ကျေနပ်တဲ့အထိ!""မလုပ်နိုင်ဘူး မင်းငွေပြန်ပေးမယ်"
ရှောင်းကျန့်ကပြောပြီးတာနဲ့လှည့်ထွက်သွားမလိုလုပ်သည်။
"ဆယ်ဆ!"
ဟင်..
"ခင်များကျုပ်ကိုဆယ်ဆပြန်လျော်ရမှာ"
"ဝမ်ရိပေါ်!!"
"ခင်များသူဌေးကိုငွေတုံး၂၀စရံအပ်ထားပြီးပြီ
အလုပ်ပြီးတာနဲ့နောက်တစ်ဝက်ထပ်ရမယ်""မင်း! မင်း ဒီလောက်ငွေအများကြီးကို!"
"ခင်များပူစရာမလိုဘူး အခုကျုပ်ကအရင်လိုသူများခိုင်းဖက်မဟုတ်တော့ဘူး
ကျုပ်သုံးချင်သလိုသုံးနိုင်တဲ့ဘဝရောက်နေပြီ"ရှောင်းကျန့်တို့အခက်အခဲများစွာကြုံပြီးတဲ့နောက်ငွေတစ်ကျပ်တစ်ပြားကအစတန်ဖိုးထားတတ်နေပြီ။ ဒီကောင်ပုံလေးတစ်ပုံအတွက်နဲ့ငွေအများကြီးသုံးရဲနေပြီ..အေးလေ ဝမ်ရိပေါ်ကအရင်ဝမ်ရိပေါ်မှမဟုတ်တော့တာ..။
"လျော်နိုင်ရင်ထွက်သွားလိုက် ရှောင်းကျန့်"
ဒီလောက်ငွေအများကြီးကိုသူဘယ်လိုလုပ်လျော်နိုင်မှာလဲ။ လျော်နိုင်တယ်ထားဦး လော့ပန်ကတော့သူ့ကိုအလုပ်အပ်တော့မှာမဟုတ်ချေ။ ရှောင်းကျန့်ကလက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းဝမ်ရိပေါ်နဲ့မနီးမဝေးမှာထိုင်ပြီးနေရာချလိုက်သည်။ မာနကြီးလို့ရတဲ့အခြေအနေမှမဟုတ်တော့တာ..။
YOU ARE READING
"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)