"သခင်လေးကမာနကြီးလွန်းတယ်"
Part- 15
For unicode
"မင်းတို့သခင်ကြီးဘယ်အချိန်ပြန်ရောက်မယ်လို့ပြောသွားလဲဟင်"
"ကျွန်မတို့ကိုမပြောသွားပါဘူးသခင်လေးရှင့်
သခင်လေးဘာခိုင်းစရာရှိပါသေးလဲ""ငါ့ကိုမော့ကြည့်ပြီးဖြေလို့ရပါတယ်"
"ဒီအစေခံတွေမရဲပါဘူး သခင်ကြီးဆီမှာအပြစ်ပေးခံရမှာစိုးပါတယ်!"
"သူကအဲ့လိုလည်းမှာထားတာကိုး.."
"ဟုတ်ကဲ့"
"ရပြီ သွားတော့"
ကောင်မလေးနှစ်ယောက်ကသူ့ကိုနှုတ်ဆက်ကာခပ်လျှိုလျှိုလေးထွက်သွားကြသည်။ ဆိုးလိုက်တဲ့ဝမ်ရိပေါ်..။ အိမ်ကကောင်မလေးတွေကိုတောင်စိတ်မချဖြစ်နေတာ။ အဲ့ဒါတောင်သူ့ကိုသုံးရက်နီးပါးပစ်ထားသေးတယ်။ ဟိုနေ့ကစလို့သူတို့မျက်နှာချင်းမဆိုင်ဖြစ်တာသုံးရက်ရှိခဲ့ပြီ။ ဝမ်ရိပေါ်ကသူမနိုးခင်အစောကြီးထသွားတတ်ပြီးညဘက်ဆိုလည်းသူအိပ်တဲ့အချိန်လောက်မှပြန်ရောက်လာခဲ့သည်။
ဒါပေမယ့်ဝမ်ရိပေါ်ကတခြားအခန်းမှာတော့သွားမအိပ်။ သူနိုးလာတာနဲ့သူ့ရဲ့အိပ်ရာတစ်ခြမ်းကနွေးနေကာဝမ်ရိပေါ်အိပ်သွားမှန်းသိသာနေခဲ့သည်။ ဒါပေမယ့်ဝမ်ရိပေါ်စိတ်ကောက်နေတာကြီးကသိသာလွန်းတယ်။ သူဝမ်ရိပေါ်နဲ့တကယ်ဘဲပြန်တည့်ချင်တယ်...။ ဝမ်ရိပေါ်လျစ်လျူရှုနေတာတကယ်မခံစားနိုင်တော့ဘူး။
"သခင်လေး! ဘယ်သွားနေတာလဲ
အခန်းထဲမှာသခင်လေးမရှိတော့ထူပူသွားတာဘဲ""ပျင်းလို့ဟိုနားဒီနား.."
"ကျွန်တော်မပါဘဲဘယ်မှမသွားပါနဲ့လားဗျာ..
သခင်လေးတစ်ခုခုဖြစ်ရင်ရိပေါ်ကောကကျွန်တော့်ကိုသတ်မှာဗျ""မင်းလည်းရိပေါ်ကိုကြောက်တာလား"
"မကြောက်ဘဲနေမလားသခင်လေးရ
ရိပေါ်ကောဒေါသထွက်ရင်ကြောက်စရာကြီး
သခင်လေးနားမှာအလုပ်ကျွေးပြုတာတောင်သူ့မျက်ကြီးမဲမှောင်နေတာကို""မင်းကလည်း.."
"လာပါသခင်လေးရာ..
ကိုယ့်ခြံဝန်းထဲမှာဘဲနေရအောင်ပါ"
YOU ARE READING
"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)