"သခင်လေးကမာနကြီးလွန်းတယ်"
Part- 22
For unicode
"သားတကယ်ဘဲဒီကလေးကိုမွေးဖို့ဆုံးဖြတ်လိုက်ပြီလား"
"ဟုတ် မား
ကျွန်တော်တို့ကလေးနာမည်ကိုတောင်စဉ်းစားထားပြီးသွားပြီ""ကျန့်အာ!.."
"မား ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ
ကျွန်တော်နဲ့သူ့သွေးသားကိုဒီလောကထဲခေါ်လာချင်တယ်"ရှောင်းကျန့်ကသူ့ဗိုက်သူပွတ်ရင်းပြုံးလိုက်၏။ ဒီသုံးလမှာမနက်ခင်းဝေဒနာအချို့ကိုခံစားရရုံကလွဲလို့သူကိုယ်ဝန်ဆောင်လက္ခဏာတွေကိုပြင်းပြင်းထန်ထန်ခံစားရတာမျိုးမရှိပါ။ သူ့သားလေးကိုလည်းသူခဏခဏအိပ်မက်မက်၏။ ဝမ်ရိပေါ်ကလည်းသေချာပေါက်သားလေးဘဲမွေးမှာတဲ့။ သူလည်းသားလေးမွေးမယ်လို့ဘဲထင်နေတယ်။ အဲ့ဒါကြောင့်နှစ်ယောက်သားကလေးနာမည်ကိုတောင်စဉ်းစားထားပြီးသွားပြီ။
အစကတော့ဗိုက်သိသိသာသာထွက်လာမှအကုန်လုံးကိုအသိပေးချင်ပေမယ့်ဝမ်ရိပေါ်ကလုံးဝတားလို့မရ။ သူ့ကလေးအဖေဖြစ်မှာအကုန်လုံးလျှောက်ပတ်ကြွားနေတယ်။ နောက်လည်းသိသွားမယ့်အတူတူအခုကတည်းကသိထားတော့လည်းတစ်မျိုးအဆင်ပြေသွားတာပေါ့။ ယောက်ျားလေးကိုယ်ဝန်ဆောင်ဆိုတော့သူနည်းနည်းရှက်မိတယ်။ သူ့သားလေးအကြောင်းတွေးမိသွားတော့လည်းရှက်စိတ်ထက်ကြည်နူးစိတ်ကပိုရတယ်။
"မားစိတ်ပူနေတာကျွန်တော်သိပါတယ်
ဒါပေမယ့်တားဆေးသောက်ထားရက်နဲ့တောင်ကလေးရှိလာတာဘဲလေ
သူကကျွန်တော်တို့ဘဝထဲကိုလာချင်နေတာ""ကျန့်အာ မားတောင်းပန်ပါတယ်ကွယ်
မားကသားကိုကာကွယ်ပေးချင်ခဲ့တာ""ကျွန်တော်သိပါတယ်
သိလို့လည်းသူ့ကိုဘာမှပြန်မပြောခဲ့တာ""မားကိုဝမ်ရိပေါ်မုန်းနေလောက်ပြီ
မားကသူ့အပေါ်မကောင်းခဲ့ဘူးလေ""သူ့မှာအဲ့လိုစိတ်မရှိပါဘူး မားကသူ့ယောက်ခမဘဲဟာ
သူ့သားရဲ့အဘွားတောင်ဖြစ်တော့မယ်""မားသူ့ကိုတောင်းပန်ရဦးမယ်"
"မားတောင်းပန်ရင်သူနေတတ်တော့မှာမဟုတ်ဘူး
သူ့ကိုနွေးနွေးထွေးထွေးဘဲဆက်ဆံပေးလိုက်ပါ"
YOU ARE READING
"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)