"သခင်လေးကမာနကြီးလွန်းတယ်"
Part- 9
For unicode
"ရိပေါ်ကော!!"
"ကိစ္စရှိလို့လားချောင်ချန်း"
"သခင်လေးဖျားနေပြီ!"
"ဘာ!"
ဝမ်ရိပေါ်မျက်ခုံးတွေတွန့်ချိုးသွားခဲ့သည်။ သူတစ်ရက်လောက်ရှေ့မှာကြီးကြပ်နေခဲ့လို့ရှောင်းကျန့်ကိုစောင့်ကြည့်ဖို့ပျက်ကွက်သွားခဲ့တာ။ သူ့နားမှာချောင်ချန်းကိုရော၊ကိုယ်ရံတော်တွေကိုပါစောင့်ကြည့်နေဖို့ခိုင်းထားတဲ့ကြားထားက ဖျားသွားပြန်ပြီ။
"ကျွန်တော်လည်းညည်းသံကြားမှသိတာ"
"အင်း သိပြီ"
"အားလုံးဘဲ! ရှေ့ကကုက္ကိုလ်ပင်ရှေ့ရောက်ရင်နားမယ်"
ချင်မင်းသမီးကရိပေါ်စကားကြားတာနဲ့လိုက်ကာစကိုဖယ်ကာရိပေါ်ကိုလှမ်းအော်သည်။
"မနားသေးဘူး
နေရောင်ရှိသေးတယ် ဆက်သွားမယ်
ကျွန်မတို့ဒီလိုသွားနေပုံမျိုးနဲ့ကန်နိုင်ငံကိုဘယ်တော့မှရောက်တော့မှာလဲ!!""ဒီမှာကျုပ်ခေါင်းဆောင်!! ကျုပ်အမိန့်ကိုဘဲအားလုံးနာခံရမယ်"
"ကျွန်မလက်မခံဘူး ထိုင်ရတာညောင်းနေပြီ
ဟိုကိုမြန်မြန်ရောက်ချင်တယ်""ဆက်သွားချင်တဲ့လူရှိလား!!"
"မရှိပါဘူးစစ်သူကြီး!"
"ဝူယွေ့တို့အဖွဲ့ကဒီနေရာဘေးကင်းလုံခြုံဖို့ကိုတာဝန်ယူလိုက်!
မုန့်လုံတို့အဖွဲ့ကသုံးယောက်တစ်လှည့်ကင်းစောင့်ရမယ်
ထမင်းချက်ဖို့ငါးယောက်စီစဉ်လိုက်ကြ
ကျန်တဲ့လူတွေကမင်းသမီးကိုကာကွယ်ဖို့နဲ့ရွက်ဖျင်တဲနှစ်ခုမြန်မြန်လုပ်ကြ!""အမိန့်အတိုင်းပါစစ်သူကြီး!!"
ဝမ်ရိပေါ်ကကျန်တဲ့လူတွေအလုပ်ရှုပ်နေတုန်းရှောင်းကျန့်မြင်းလှည်းနားလျှောက်လာခဲ့သည်။ မြင်းလှည်းတံခါးကိုဆွဲဖွင့်လိုက်ပြီးလိုက်ကာစကိုဖယ်ကြည့်လိုက်တော့ရှောင်းကျန့်ကအထဲမှာကွေးကွေးလေးညည်းနေရှာသည်။ ဒီနေ့ကသူတို့ခရီးထွက်လာတာငါးရက်မြောက်တဲ့နေ့။ မာနခဲပင်ပန်းမှာစိုးလို့လှည်းကိုတောင်မြန်မြန်မောင်းခိုင်းတာမဟုတ်..။ အရင်တုန်းကလည်းခရီးဝေးဝေးသွားဖူးတာမဟုတ်ချေ..။ ဝမ်ရိပေါ်ကအထဲကရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီးအခုနကလုပ်ပြီးထားတဲ့သူတို့ရွက်ဖျင်တဲဆီခေါ်လာလိုက်သည်။
YOU ARE READING
"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)