Chapter-2

1.7K 161 6
                                    

《Unicode》

အခန်း(၁၈၀၅) : မိန်းမ​ကောင်း​တွေက ရှာဖို့လွယ်ပါတယ်...

ချန်လီ : ချီး...

သူက ပုံတူကို​မြေ​ပေါ်ကို ပစ်ချလိုက်သည်။

"ငါ ဒင်းကို အလွတ်မ​ပေးဘူး! '​လက်သွေးစွန်း​နေတဲ့ နတ်ဆိုးမ'တဲ့လား!? ငါ ဒင်းကို နတ်ဆိုးက ဘယ်သူလဲဆိုတာပြဦးမယ်!"

"ဒီတစ်​ယောက်ဆိုရင်​ရော?", ချန်လီ​နောက်ထပ် ပုံတူတစ်ခုထုတ်လာ​လေသည်။

"သူက အမတ်ချုပ်လီရဲ့အကြီးဆုံးသား သူနင့်ကို စိတ်ဝင်စား​နေတယ်လို့ကြားတယ် သူ ငါ့ဆီလာပြီး​တော့​တောင် နင့်အ​ကြောင်း​မေးသွား​သေးတယ်"

"သူက​တော့ မဆိုးလှပါဘူး သူ့အ​ဖေရာထူးကိုဆက်ခံဖို့ရည်ရွယ်ထားပြီး လက်ရှိထုံးတမ်းစဥ်လာဝန်ကြီးဌာနမှာ အ​တွေ့အကြုံယူ​​​နေတယ် ငါ သူက အရည်အချင်းအ​တော်ရှိတယ်ကြားတယ် သူ့အနာဂတ်က​တော့ အကန့်အသတ်မဲ့ဘဲ", ချန်လီ​ပြော​လေသည်။

"အကိုကြားတယ်? ကြားတယ်ဆိုတိုင်း မှန်ကန်​နေတာမှ မဟုတ်တာ", ချန်အာ့​မေ့အမူရာက ​အေးစက်​နေ​လေသည်။ "သူ့မှာနီးကပ်တဲ့ မိန်းက​လေးသူငယ်ချင်းရှိ​နေနှင့်​ပေမယ့် သူ့အ​ဖေက သူ့ကို ညီမနဲ့ဘဲလက်ထပ်ရမယ်ဆိုပြီး ​ပြောထားတာ​ရော အကိုမကြားဘူးလား? အခုနိုင်ပွဲ​တွေက ဆက်​နေ​တော့ စစ်​မှုရေးရာအမတ်​တွေက အာဏာရ​နေ​တယ်​ အမတ်ချုပ်လီက သူ့ရာထူးခိုင်မြဲ​စေဖို့ လက်ထပ်​စေချင်​နေတာ​လေ အကို​ပြောတဲ့သခင်​လေးလီက ငါ့ကို သူ့အိမ်​ခေါ်သွားပြီး ဘုရား​လောင်းရုပ်ထုလို အလှပြထားချင်​နေတာ ပြီး​တော့ သူ့မိန်းက​လေးသူငယ်ချင်းနဲ့ အီစီကလီဆက်လုပ်​နေလိမ့်မယ်"

"ကိုကြီး ညီမအတွက် ဒီလိုဘဝမျိုးရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ညီမအ​လောင်းတောင်​တွေ ​သွေးပင်လယ်​တွေ ဖြတ်သန်းပြီးမှ ရခဲ့တာ ဒါကိုအခု ကိုကြီးက ညီမကို အဲ့လိုလူမျိုးလက်ထဲ ထိုးအပ်ချင်​နေတယ်", ချန်အာ့​မေ့အမူရာက ကူကယ်ရာမဲ့​နေပုံ​ပေါ်​လေသည်။

ချန်လီ : ငလူးးးး....

သူက ပုံတူကို ​မြေ​ပေါ်ပစ်ချပြီး ​​ခြေ​ဆောင့်လိုက်သည်။

Assassin Princess Consort {Realm-28}Where stories live. Discover now