Chapter-11

1.5K 162 15
                                    

《Unicode》

အခန်း(၁၈၁၄) : နင် ငါ့ခန္ဓာကိုအပိုင်စီး​နေတာ​လေ။

"သမား​တော်​ခေါ်ပြီး သူ့ကို ဖုန်းချင်းချန်ရဲ့ ဦး​နှောက်ကို လာစစ်ကြည့်ခိုင်းလိုက်"

"ဟုတ်အ​မေ သမီးအခုဘဲသွားလိုက်မယ်"  ဖုန်း​ဖေးယန် ယင်းစုရှိရာဘက်ကို ဟွန့်ခနဲလုပ်ပြီး စကတ်မကာ အိမ်​ဆောင်ကိုဖြတ်၍ ထွက်သွား​​လေသည်။

ယင်းစု ​အေးစက်စွာ​ပြောလိုက်သည်။ " ငါးဦး​နှောက်က အ​ကောင်းကြီး ဦး​နှောက်ပြဿနာဖြစ်​နေတာက နင်တို့​တွေဘဲ"


ယင်းစု ဖုန်းသခင်မနဲ့ ဖုန်း​ဖေးယန်ကို တိုက်ရိုက်ဘဲ ​လေထဲကန်ချက်တစ်ချက်​ပေးကာ ၂​ယောက်စလုံးကို ​​မြေပြက်​ပေါ်လဲကျသွား​စေလိုက်သည်။

ဒီလိုနာကျင်မှုမျိုးတစ်ခါမှ မခံစားခဲ့ဖူးသည့် သခင်မဖုန်းခမျာ ​မြေ​ပေါ်လဲကျလျက် သူမခါးသူမကိုင်ပြီး ပြန်မထနိုင်​တော့​ပေ။

ယင်းစု ​လှောင်ရယ်ရင်း လက်​တွေကို ဖုန်ခါလိုက်ပြီး ​အေးစက်စွာ​ပြောလိုက်သည်။ , "ငါ့ကို အနာဂတ်မှာ လာမရှုပ်နဲ့ မဟုတ်လို့က​တော့ နင်တို့စကား​တွေ​ကြောင့် ​နောင်တ​အောင်လုပ်ပစ်မယ်"


ဖုန်း​ဖေးယန်အမြန်ဘဲ ​မြေ​​ပေါ်က ကုန်းရုန်းထကာ သူမ အ​မေကို ထူ​ပေးပြီး ယင်းစုကို ​အော်ဟစ်​တော့သည်။ , "ဖုန်း​ဖေးယန် နင်ရူး​နေပြီလား?! နင် ငါ့အ​မေကို ဒီလိုခြိမ်း​ခြောက်ရဲတယ်လား?"

သခင်မဖုန်းက ခါးနာသွား​လေသည်။ သူမက နှုတ်ခမ်းကို ကိုက်ကာ ဖုန်း​ဖေးယန်ကို ​ပြောလိုက်သည်။ , "သွားစို့"


လူစုကြီးက ယိုယွင်း​နေသည့် အ​ဆောင်ဝန်းမှ ထွက်​ပြေးသည့်အလား ​ပြေးထွက်သွားကြ​လေသည်။

"မမ​လေး ရှင်,ရှင်...", ကျီ​ထောင် ဆွံ့အ​နေ​လေသည်။ ,"ရှင် ရူးသွားပြီလား?"

"အခုကစပြီး​တော့ နင်က ငါ့အ​စေခံမဟုတ်​​တော့ဘူး နင်အမြင်ွတွယ်တက်ချင်လည်း စိတ်တိုင်းကျသာလုပ်​တော့", ယင်းစုက ​အေးစက်ပြီး ပြတ်သားသည့်အမူရာဖြင့် ​ပြောလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 28, 2022 ⏰

Add this story to your Library to get notified about new parts!

Assassin Princess Consort {Realm-28}Where stories live. Discover now