《Unicode》
အခန်း(၁၈၁၃) : နင် ပူးကပ်ခံထားရတာလား?
ကျီထောင် ကျိုးပဲ့နေသော လက်ကောက်ဝတ်နှင့်အတူ သတိလွတ်သွားလေသည်။ သူမမျက်နှာက ဖြူဖျော့သွားကာ ချက်ချင်းဘဲ နာကျင်မှုတို့ဖြင့် အော်ဟစ်တော့သည်။ သူမက ဆက်၍ အော်ဟစ်နေလေသည်။
"လ-လက်, လက်..."
"ငါ့လက်...", ကျီထောင် လက်ခမျာ ယိုင်ခွေကျနေလေသည်။
ယင်းစုမျက်လုံးများက ရွံရှာမှုတို့ စွန်းထေးလာကာ ကျီထောင်လက်ကို လွှတ်လိုက်သည်။ ကျီထောင်က သူမလက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ မေးလာလေသည်။
"မမလေး ဒါဘာလုပ်တာလဲ? ကိုယ့်ကိုကိုယ် ဘာလုပ်နေတယ် ထင်နေတာလဲ?"
သူမ(ယင်းစု)က သူမ(ကျီထောင်)၏ လက်ကောက်ဝတ်ကို အကြောင်းရင်းမရှိဘဲ ချိုးပစ်ခဲ့သည်ပင်။
"သူများ ငါ့ကို လာထိတာမုန်းတယ်", ယင်းစု အေးစက်စွာ ဖြေလိုက်သည်။
လက်ကောက်ဝတ်က နာကျင်မှုကြောင့် ကျီထောင် အော်ဟစ်တော့သည်။
"မမလေး သရဲပူးနေတာလား? ဘယ်လိုလုပ်ပြီး ဒါမျိုးလုပ်နိုင်ရတာလဲ!?"
"နင်ကမှ သရဲပူးခံထားရတာ", ယင်းစု ထရပ်လိုက်ကာ ကျီထောင်ကို ပါးနှစ်ခါဆင့်ချလိုက်သည်။, "နင့်ကိုယ်နင် ဘာကောင်မလို့ ထင်နေတာလဲ?"
ထိုအချိန်တွင်ဘဲ ခြေသံများအပြင်ဘက်က ပေါ်ထွက်လာလေသည်။ ဘရိုကိတ်ဂါဝန်ဝတ်ဆင်ထားသည့် ကောင်းမွန်စွာ ထိန်းသိမ်းထားသောအမျိုးသမီးတစ်ဦး ဝင်လာလေသည်။ သူမက အသက်၃၀ခန့်ဟု ထင်ရသည်။ သူမကား သခင်မဖုန်းပင်ဖြစ်ပြီး သူမနောက်တွင်တော့ သမီးဖြစ်သူ ဖုန်းဖေးယန်က လိုက်လာလေသည်။
ဖုန်းဖေးယန်က အတော်လေးလှပလေသည်။ သူမ ကိုယ်ပေါ်ကအဝတ်တွေက စနစ်တကျကိုယ်တိုင်းယူပြီး ချုပ်ထားခြင်းဖြစ်ကာ လက်ဝတ်ရတနာများကို အဝတ်အစားနှင့် လိုက်ဖက်အောင် စနစ်တကျရွေးချယ် ဆင်ယင်ထားလေသည်။ သူမ၏တည်ရှိမှုတစ်ခုလုံးက တောက်ပသောမြူနှင်းတို့ဖြင့် လွှမ်းခြုံထသကဲ့သို့ ဖြစ်နေလေသည်။
YOU ARE READING
Assassin Princess Consort {Realm-28}
Historical FictionStory Name : quick transmigration cannon fodder record of counterattack (快穿之炮灰女配逆袭记) Author : 很是矫情 English translator : Butterfly's curse Realm 28 : Assassin Princess Consort