ကြယ်တာယာ​တွေလင်း​နေတယ်

360 22 0
                                    

[Unicode]

အနံ့အသက်​တွေစုံ​နေတဲ့​ဆေးရုံအခန်းတခုထဲဝယ် အဖြူ​​ရောင်ကျူလစ်ပန်းတို့က ပန်းအိုးထဲမှာလှပစွာရှိ​နေတယ်။ ထို့အတူ​ကျောပြင်ခပ်ကျယ်ကျယ်​လေးတခု၊ပါး​ဖောင်း​ဖောင်း​​လေးတို့ကအ​တော်တန်​ချောင်ကျ​နေပြီး မျက်ကွင်းတို့ကညို​နေလျက်ရှိ​နေ​သော်လည်း မျက်နှာ​ချော​ချော​လေးကရှိ​နေဆဲ။ သို့​သော်ကံမ​ကောင်းစွာနဲ့ ထို​ကောင်​လေးမှာမူ ဝှီးလ်ချဲအကူညီသုံး၍​နေ​နေရသည်။ အခုလဲ ဝှီးလ်ချဲ​ပေါ်ကကိုယ်ငယ်​လေးဟာ ​ဆေးရုံခန်းရဲ့ပြတင်း​ပေါက်ဘက်ကိုမျက်နှာမူပြီး​​နေ​ ​နေ​လေ​ရဲ့။
​ကောင်းကင်ကြီးက ကြယ်​တွေဟာဒီညမှအစွမ်းကုန်လင်း​နေသလို ဝှီးလ်ချဲ​ပေါ်က​ကောင်​လေးဟာ ဟန်​ဆောင်​ကောင်းသူပမာ တာကျိုး​တော့မဲ့မျက်ရည်​တွေကို​အောင့်အီးသည်းခံထားသည်မှာ ​ဘေးလူ​တွေ့ရင်ကိုမျက်ရည်ဝဲမိမဲ့အထိပင်။

Vip​ဆေးရုံအခန်းထဲ ​ဆောင်ဟွန်း​ခြေချလိုက်သည်နှင့် အခန်းထဲ​ဝေ့ပက်ကာကြည့်မိ​တော့ ပြတင်း​ပေါက်​ရှေ့မျက်နှာမူကာကြည့်​နေတဲ့​ကောင်​လေးကို​တွေ့မိတဲ့အခါ သက်​ပြင်း​တွေ​တွေ​လေးချမိလိုက်သည်။

"​ဂျောင်ဝန်း၊ ​ဟျောင်းည​ဆေး​သောက်ဖို့အတွက် အစာဝယ်လာတယ်"
အ​ဖြေပြန်မလာ​သော်လည်း ထုံးစံအတိုင်းလုပ်စရာရှိသည်ကိုသာလုပ်​နေလိုက်သည်။

"ဒီည ကြယ်တာယာ​တွေလင်း​နေတယ်​နော်"

"အင်း၊ဟုတ်ပါ့"

"ကိုကို့ကိုလွမ်းလိုက်တာ​ဟျောင်းရယ်...
သူသာရှိ​နေရင်​ကောင်းမှာပဲ..."

"​ဂျောင်ဝန်း....."

အခန်းထဲတိတ်ဆိတ်မှုကကြီးစိုးသွား​သည် သို့​သော် သူတို့ ၂ဦးလုံးအသံတိတ်ငို​ကြွေး​နေကြသည်မှာလဲမမှား
တကယ်ဆို ​ဂျောင်ဝန်း​​လဲမမှားခဲ့ပါဘူး
ထို'ကိုကို'ဆို သူလဲမမှားခဲ့ပါဘူး
ဘယ်သူမှမမှားခဲ့ကြတာပါ...
ယုံမရတဲ့ဒီကံတရားကြီးကသာ
ဒီ​လောကကြီးကသာ
ရက်စက်ခဲ့တာ.....







စိတ်ညစ်ညစ်နဲ့ထွက်လာခဲ့တာ ​ဘေးကိုကြည့်မိ​တော့မှ ဟန်မြစ်ကို​ရောက်​နေမှန်းသိ​တော့သည်။ ခုချိန် ​ဆောင်ဟွန်း​ဟျောင်းစီသွားလဲ ကန်ချခံရပြီးပြန်ရမှာပင်။
တကယ့်ကိုunlucky dayပဲ!

Lil' StarWhere stories live. Discover now