[Unicode]
ဂျောင်ဝန်းဆီကိုစာပို့ပြီး အရှေ့ကခပ်ပြင်းပြင်းအရက်ခွက်ကိုယူပြီး သောက်ချလိုက်သည်။ ကိစ္စတွေဖြစ်ပြီးထဲက သူ ၂ခါပဲအသေအကြေသောက်ခဲ့တာ အဲ့နောက်ပိုင်းကိုယ့်ဘာသာပြန်ထိန်းတဲ့အနေနဲ့ရပ်ထားခဲ့တာကြာပေါ့...
အခုတော့ နားပူတာမကြိုက်ပါဘူးဆိုတဲ့ဆောင်ဟွန်းဟာ လူတွေရုပ်ရုပ်သဲဆူညံနေတဲ့clubမှာ လာသောက်နေလေရဲ့ တကယ်ကိုမင်းကတအားဆိုးမိုးလွန်းတယ်'ယွန်းငယ်......'
===============================
ရုံးကိုရောက်တော့ အခန်းထဲမဝင်အား စာရွက်စာတန်းတချို့ဖတ်ပြီး အမြန်အစည်းဝေးခန်းထဲဝင်ရသည်၊ တဖက်ကJayနဲ့ ပက်သတ်တယ်ဆိုတဲ့အကြောင်းကလွဲ၍ ကျန်တာဘာမှမသိရ။ ဒီလိုဆိုတော့ သူလဲအနည်းငယ်ထိတ်မိသား၊ ရှယ်ယာကစားတယ်ဆိုတာ တော်ရုံလူလုပ်လို့မှမရတာ ပြီးကျ သူကစားခဲ့တဲ့ရှယ်ယာတွေအကုန်မိုးထိုးနေအောင်သတင်းပျံ့တော့ ဘယ်သူမဆိုလန့်ကြတာပင်
"JAWN companyရဲ့သက်ဆိုင်သူ Mr. Park Sunghoonရောက်လာပါပြီ"
သူဝင်ပြီးအခန်းထဲကြည့်လိုက်တဲ့အခါ တစ်နေရာကလွတ်နေတယ် ဒါဆိုမရောက်သေးဘူးလား
မျက်ခုံးလှလှတို့ကိုတွန့်ချိုးမိပြီး နေရာသို့ဝင်ထိုင်လိုင်သည်။"Sorry,I'm a little bit late cuz' of my car problem"
ဒီအသံ...သူလွမ်းနေခဲ့ရတာ နေ့တိုင်းညတိုင်းရင်ဘတ်ထဲထိစွဲနေခဲ့ရတဲ့အသံလေး
စာရွက်တွေကိုဖတ်နေရင်းမှ ခေါင်းထောင်ကြည့်လိုက်တော့
လွတ်နေတဲ့တခုတည်းသောခုံမှာဝင်ထိုင်လိုက်တဲ့သူ"I am the CEO of SIM J company.I think everyone already known why am i here and don't waste times.So let's start the meeting."
ဩဇီလေသံလေးနဲ့ ပီပီသသပြောသွားတဲ့သူကို ဆောင်ဟွန်းတမေ့တမောကြည့်နေမိသည် တကယ်ကိုပြောင်းလဲသွားခဲ့တာပါလား ယွန်းငယ်ရယ်
ဘိုလိုမှုတ်လိုက်တော့ တခြားသူတွေက ဟန်းဂုစာမတတ်ဘူးထင်နေမှာပဲ တကယ်တော့ ယွန်းငယ်ကသာလိကာလေးလို ပြောနေတာကိုသူပဲသိတယ်။
အခုလိုပြောင်းလဲသွားရတဲ့တရားခံကလဲ တခြားသူမှမဟုတ်တာ ပတ်ဆောင်ဟွန်းဆိုတဲ့ သူပဲလေ၊ အတိတ်တွေကဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်ပါတော့မလဲ...
YOU ARE READING
Lil' Star
Romanceကြယ်တာယာတွေလင်းတဲ့ညမှာ ကိုကိုနဲ့ဝန်းဆုံခဲ့ကြတယ် ဝန်းဘဝနဲ့ထပ်တူကြတဲ့ရင်ခွင်တခုဟာနွေးနေခဲ့တယ် အတူကုန်ဆုံးခဲ့တဲ့အရာရာဟာလှနေခဲ့တယ် အရင်ချိန်တွေပြန်ရောက်ချင်တယ် ကိုကို... "ကိုကို့အတွက်ဆို လိမ္မာတဲ့ကောင်လေးဖြစ်ပေးမှာ" "ကိုကိုကကျွန်တော့်ရဲ့လိပ်ပြ...