Dream

129 19 0
                                    


[Unicode]

ကိုကိုက ဝန်းကို​လှည့်ကြည့်​နေတယ်
ကိုကိုပြုံးပြ​နေတယ် ကိုကို့စီ​ပြေးဖက်ဖို့သွား​နေ​ပေမဲ့​ရွေ့မရဘူး ကိုကိုတဖြည်းဖြည်းအ​နောက်ကိုဆုတ်သွားတယ် ​အောက်မှာ​ဂျောက်ကမ်းပါးကြီး

"ကိုကိုမဖြစ်ဘူး!! မသွားနဲ့!!!! ဝန်းကိုထပ်ပြီးမထားသွားပါနဲ့ ​တောင်းပန်ပါတယ်၊ဝန်းဘဝမှာကိုကိုမရှိပဲအသက်ဆက်မရှင်ချင်​တော့ဘူး ဝန်းပင်ပန်းလှပြီကိုကိုရယ် ဝန်း​လေကိုကိုမရှိတဲ့​နေ့ရက်​တွေမှာခဏခဏသတ်​သေဖို့ကြိုးစားခဲ့တယ် ဒါ​ပေမဲ့ကိုကို​ပေးထားခဲ့တဲ့တခုထဲ​သောအရာက ဝန်းကိုယ်တိုင်ပဲဖြစ်​နေ​တော့ ကိုကိုရှိ​နေသေးတယ်ခံစားရပြီး ဝန်းလမ်း​ပျောက်ပြီးငိုခဲ့ရတယ် အကုန်လုံးအရူးလိုကြည့်​နေကြတဲ့စီမှာဝန်းမခံစားနိုင်​တော့ဘူး ကိုကို့ရင်ခွင်ထဲခိုလှုံပြီးတင်းခံထားသမျှငိုပစ်ချင်တယ် ကိုကိုရယ်​ကျေးဇူးပြုပြီးဒီတခါ​တော့ ဝန်းကိုထပ်မထားသွားပါနဲ့​တော့..."

​ဂျောင်ဝန်း​အော်ဟစ်ကာ​ပြော​တေသည်များကို ကိုကိုက​ဂျောက်ကမ်းပါးအစွန်းမှာရပ်ပြီး မျက်ရည်ဝဲကာအပြုံးတချို့နဲ့ကြည့်​နေတယ်

ဒါ​ပေမဲ့....
ဒါ​ပေမဲ့...

"ဝန်းနီး"

တိုးတိုး​လေးကိုမှတကယ့်တိုးတိုး​လေး နားနားကပ်​ပြောကာမှကြားရတဲ့အသံ​လေးကို ကွာ​ဝေးလွန်းလှတဲ့သူကကြား​နေရတယ်
ကိုကို့စီကမကြားရ​တော့တဲ့အမည်နာမ​လေးတခုကိုအချိန်အကြာကြီး​နေမှကြားခဲ့ရတယ်
ဘယ်လို​နေရာမှာမှန်းမသိ
ဘာ​တွေဖြစ်​နေမှန်းလဲမသိတဲ့ဒီလို​​နေရာကြီးမှာ သူဟာ​ရွေ့လျားလို့လဲမရဘူး ကိုကိုကလဲအဲ့​နေရာမှာပဲရပ်​နေတယ်
၂​ယောက်လုံးရဲ့အကြည့်​တွေက​တော့မခွာနိုင်ခဲ့ဘူး

ကိုကိုတခုခု​ပြောဖို့ထပ်ပြင်​နေတယ်

"ကိုကိုလဲ ဝန်းကိုမထားသွားချင်ပါဘူး...ကိုကိုတို့ ၂​ယောက်တူတူ​ပျော်ကြရဦးမယ်​လေ ကိုကိုတို့ ၂​ယောက်တူတူခရီး​တွေထွက်ဦးမယ် ဝန်းကြိုက်တဲ့ပန်းဥယာဥ်ကြီး​တွေ​လျှောက်လည်ပြီး ဝန်းနဲ့ကိုကိုရဲ့အမှတ်တရ​တွေဖန်တီးဦးမယ် ဝန်းကိုမနက်တိုင်းမှာကိုကိုကမနက်စာပြင်​​ပေးပြီး အ​နောက်က​နေလာဖက်ပြီးချွဲ​နေမဲ့ဝန်းနဲ့ ​နေ့ရက်တိုင်းကိုစချင်တယ်...
​နေ့လည်တိုင်း ဝန်းရှိတဲ့​နေရာစီအ​ရောက်လာပြီး တူတူ​နေ့လည်စာကိုချိုမြိန်စွာစားပြီး​ကျော်ဖြတ်ကျမယ်...
ည​နေကျတူတူလက်တွဲပြီး ​​နေဝင်ဆည်းဆာအလှကြီးကိုခံစားပြီး အိမ်ပြန်မယ်၊ဝန်းနဲ့တူတူညစာပြင်ဆင်ပြီး အိမ်က​လေးကို ကိုယ်တို့ရယ်သံ​တွေနဲ့ဖုံးလွှမ်းပြီး​ပျော်ရွှင်ဖို့​ကောင်း​နေမယ်...
ညအိပ်တိုင်း ဝန်းရဲ့နူးညံ့​အိစက်လှတဲ့ပါး​လေး၂ဖက်ကပါးချိုင့်ခွက်ခွက်က​လေး​တွေ ပိုနစ်ဝင်သွားတဲ့အထိ နမ်းရှူမယ် ဝန်းရဲ့မက်​မောဖို့​ကောင်းတဲ့နှုတ်ခမ်းပါးတစုံကို ​ကိုကို့နှုတ်ခမ်း​တွေနဲ့ထပ်တူကျပြီး လှိုက်​မောဖွယ်ရာအနမ်း​တွေပုံ​ဖော်မယ်
​​နေ့ရက်တိုင်းကို ဝန်းနီးနဲ့တူတူ​ပျော်​ပျော်ရွှင်ရွှင်ဖြတ်သန်းသွားဖို့က ကိုကို့ရဲ့အဓိကဆန္ဒပဲ...
ဒါ​ပေမဲ့ ​လောကကြီးက ကိုကိုတို့ကိုအချိန်ခဏ​လေးပဲ​ပေးခဲ့တာ
ကိုကိုလဲပင်ပန်းတယ် ဝန်းကိုထိ​တွေ့ ခွင့်မရ ဝန်းရဲ့ခန္ဓါကိုယ်ငယ်​လေးကို ​ပွေ့ဖက်ခွင့်လဲမရ ကိုကိုအသည်းယားရတဲ့လက်​သေး​သေး​လေး​တွေ၊ပါး​ဖောင်း​ဖောင်း၊ဆံပင်လုံးလုံး၊ပါးချိုင့်​သေး​သေး​လေး၊နူးညံ့တဲ့နှုတ်ခမ်းဖူးဖူး​လေး​တွေကို ကိုကိုအများကြီးလွမ်း​​နေရတယ်
ကိုကိုဖက်လိုက်ရင် ရင်ခွင်ထဲနစ်ဝင်သွားတဲ့​ကောင်​လေးကို ​မလွှတ်တမ်း​ထွေးပွင့်ချင်တယ် ဝန်းရယ်..."

Lil' StarWhere stories live. Discover now