When you call my name

165 13 0
                                    

[Unicode]

ဂျောင်ဝန်း​ခေါင်း​တွေမတရားထိုးကိုက်လာကာ မျက်လုံး​​ပေါ်ကျလာတဲ့အလင်းတန်း​ကြောင့် မ​ခံနိုင်စွာ နိုးထလာရသည်။အိပ်ရက်သားအ​​ခြေ​နေနဲ့ပတ်ဝန်းကျင်ကိုစူးစမ်း​လေ့လာကြည့်​တော့ မရင်းနှီးသလိုနဲ့ရင်းနှီး​​နေတဲ့အခန်းတခု

​တတ်နိုင်သ​လောက်​ခေါင်းကိုလှုပ်ရှားလိုက်​တော့ သူသိလိုက်တာ ဒီအခန်းက​ဂျေး​ဟျောင်းအခန်း

ဪ ​ဂျေး​ဟျောင်းအခန်းပဲ

​ဂျေး​ဟျောင်း...​ဟျောင်း...

နာကျင်​နေတဲ့​​ခေါင်းကို​တောင်မမှုအား ဘတ်ခနဲထထိုင်မိသွားသည်။

'ဖြန်း'

"အမ​လေး ငါ့ပါး​လေး​​တော်​တော်နာသွားတာပဲ ဒီလိုဆိုအိမ်မက်မဟုတ်ဘူးပဲ အားးးးး ငါဘာ​တွေလုပ်ခဲ့မိတာလဲ"

မ​​နေ့က ​​ဂျေး​ဟျောင်း​ကြောင့်ဝမ်းနည်းသွားကာ ​​ဆောနူ​ဟျောင်းနဲ့နီကီစီသွားဖို့ပြင်​သော်လဲ ဂျပန်သို့ပိတ်ရက်အလည်ထွက်သွား​သော​ကြောင့် ရင်ထဲခံစားမှု​တွေကိုမြိုမသိပ်နိုင်​တော့ပဲ ​တွေ့ရာclubတခုကို​ကောက်ဝင်မိလိုက်တာပင်။ ပြီး​တော့ အမူးလွန်သွားကာ တခါမှမ​သောက်ဖူးတဲ့အရှိန်နဲ့အိပ်​ပျော်သွားသည်။ အခုကျ ​ဂျေး​ဟျောင်းအခန်းထဲမှာတဲ့လား။

Companyမှာပဲ အိမ်လို​နေ​ပေမဲ့ တပတ်၁ခါ​လောက်ပြန်လာတတ်​သော​ကြောင့် သူလဲ​ဂျေး​ဟျောင်းအိမ်ကို​ခဏ"​ရောက်ဖူးတယ် သို့​ပေမဲ့ အခန်းထဲ​တော့ ၂ခါပဲ​ရောက်ဖူးတာပင်။ ​​privacyကို​လေးစား​သူပီပီ အခန်းထဲဝင်တာကြိုက်မကြိုက်မသိသဖြင့် ​ဂျေး​ဟျောင်းခွင့်ပြုမှဝင်ခဲ့ဖူးတာပင်။

အခု​တော့ ဘယ်က​နေဘယ်လိုဖြစ်သွားလဲစဥ်းစားလို့လုံးဝမရ။ ပါးထပ်ရိုက်လို့​တော့မဖြစ် ကုတင်​မျက်​စောင်းထိုးနား မှန်တင်ခုံက​နေ မြင်​နေရတဲ့ ​ခေါင်းဆံပင်စုတ်ဖွားနဲ့ အဖြူ​ရောင်tshirtခပ်ပွပွတထည်က ပုခုံး​ပေါ်က​နေ​လျှောကျ​နေပြီး ​မျက်လုံးပြူး​နေတဲ့ကိုယ့်ကိုယ်ကိုပြန်မြင်လိုက်ရသည်

အဲ ​နေပါဦး ဒီအင်္ကျီကဘယ်ကဘယ်လိုငါ့​ပေါ်​ရောက်​နေတာလဲ ​
​ဂျောင်ဝန်းအိမ်ကထွက်လာတုန်းက ဂျင်းအပြာ​​ဖျော့နဲ့အ​ပေါ်က တီရှပ်အပြာရင့်ပွပွတထည်ဝတ်လာတာပင် အခုဘယ်ကဘယ်လိုဒါကြီးက​ဂျောင်ဝန်းကိုယ်​ပေါ်​ရောက်​နေတာတုန်း ပြီး​တော့ sizeက​​လဲမဟားတရားကြီး သူ့ကိုယ်​သေး​သေး​ပေါ်က​နေ​တောင်​လျှောကျ​နေ​သေးတယ်

Lil' StarWhere stories live. Discover now