[Unicode]
အခန်းထဲမှာတနေ့တနေ့ငြီးငွေ့လွန်းနေလို့ ဆောင်ဟွန်းဟျောင်းကိုပြောပြီး ပန်းခြံထဲကိုသာထွက်လာလိုက်တယ်။ လိုက်ပို့ပြီးစောင့်ပေးရမလားမေးပေမဲ့ တချိန်လုံးအနားမှာနေပြီး ခုလဲအလုပ်တွေနဲ့ပါလာတာကို သူ့လိုလူပိုတစ်ယောက်ကိုအဲ့လောက်ထိဂရုစိုက်ပေးတာ အားနာတာကြောင့် ကိုယ့်ဘာသာပဲထွက်လာလိုက်သည်။
ဝှီးချဲလေးကိုဖြည်းညှင်းစွာတွန်းပြီး ပန်းခြံရဲ့အရိပ်ရတဲ့အပင်တစ်ပင်အောက်မှာဝင်နေလိုက်တယ်။ ဂျောင်ဝန်းရောက်ပြီးမကြာမှီ လုံးလုံးနဲ့ဆေးရုံအဝတ်ကလေးဝတ်ထားတဲ့ ကလေးလေးတစ်ယောက်က ဂျောင်ဝန်းအနားကိုလာပြီး
"ကိုကို"
"ဟင်" နားမလည်စွာ ကိုယ့်ကိုယ်ကိုလက်ညှိုးထိုးပြတော့
"ဒီနားမှာဘယ်နှစ်ယောက်ရှိလို့လဲ"
သူ့လိုခပ်စွာစွာလေးပြန်ပြောလာတာကြောင့်ရယ်ချင်သွားသည်။
"ဘာဖြစ်လို့လဲကလေးလေး"
"အင့်"
လက်လေးဖြန့်ကာပေးလာသောသကြားလုံးတစ်လုံး
"ကိုကို့အတွက်လား"
မေးလိုက်တော့ ခေါင်းလုံးလုံးလေးကို၃ခါဆင့်ပြီးငြှိမ့်ပြလာသည်။"ဒီနေ့က အေပရယ်ဖူးနေ့လေ၊ မေမေပြောတာတော့ လူတွေကိုယုံအောင်စရတယ်တဲ့။မီးမီးကမေမေ့ကိုစဖို့ ထွက်လာတာ ဒီအပင်အောက်မှာကိုကိုတစ်ယောက်ထဲရှိနေတာကိုတွေ့တော့ ပျော်သွားအောင် မီးမီးရဲ့သကြားလုံးလေးလာပေးတာ"
"မီးမီးကဒီလိုထွက်လာတော့ မေမေကစိတ်ပူမနေဘူးလား"
"ပူစရာမှမလိုတာ အေပရယ်ဖူးမို့စတာလေ ဟီးဟီး"
"အဟင်း ဟုတ်ပါပြီ"
စကားအတတ်ကလေးပြောတာကိုအသာရယ်ပြီးပြန်ဖြေလိုက်တယ်
"ဒါနဲ့ကိုကို"
"ပြောပါဗျာ"
"ကိုကိုကကော ကိုကို့မေမေကိုအေပရယ်မဖူးဘူးလား"
YOU ARE READING
Lil' Star
Romanceကြယ်တာယာတွေလင်းတဲ့ညမှာ ကိုကိုနဲ့ဝန်းဆုံခဲ့ကြတယ် ဝန်းဘဝနဲ့ထပ်တူကြတဲ့ရင်ခွင်တခုဟာနွေးနေခဲ့တယ် အတူကုန်ဆုံးခဲ့တဲ့အရာရာဟာလှနေခဲ့တယ် အရင်ချိန်တွေပြန်ရောက်ချင်တယ် ကိုကို... "ကိုကို့အတွက်ဆို လိမ္မာတဲ့ကောင်လေးဖြစ်ပေးမှာ" "ကိုကိုကကျွန်တော့်ရဲ့လိပ်ပြ...