အခန်း ၁ (Uni/Zaw)

403 14 0
                                    

Unicode

လျန်တိုင်းပြည်ဟာ ​တောင်အရပ်မှာ တည်ရှိပြီး
တနှစ်ပတ်လုံး ရာသီဥတု​ကောင်းမွန်တဲ့ တိုင်းပြည်တခုဖြစ်သည်။ ​နွေရာသီမှာ​ဖြင့် ရံဖန်ရံခါ မုတ်​သုံ​လေ​ကြောင့် ​လေထုစိုထိုင်းမှူ​တွေ ဖြစ်တက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ မ​နေ့က မိုးသည်းထန်စွာ
ရွာသွန်းခဲ့၍ ဒီ​နေ့မနက်ထိ​ပင် ​မြေကြီး​တွေမှာ
စိုစွတ်​မှုတို့ ကျန်ရှိ​နေလျက်။

ခွမ်နင်းနန်း​​​တော် တ​​နေရာတွင် နန်းတွင်းသူ
​များ စု​​ဝေး​နေကြပြီး အ​ကြောင်းအရာတခုကို
​တိုးတိုးတိုးတိုးနဲ့ ​ပြော​နေကြသည်
"နင်တို့ နန်း​တော်ထဲမှာ တခုခု မူမမှန်ဖူးဆိုတာ
သတိထားမိကြရဲ့လား"

နန်းတွင်းသူအငယ်​လေး​တွေက အလုအယက်​မေးကြသည် "ဘယ်လိုမူမမှန်တာလဲဟင်"

"အရင်က မင်းသမီး​လေး ​နေမ​ကောင်းတာကြားတာနဲ့
မင်းသား​တွေက အ​ပြေးအလွှား​ရောက်လာကြတာ။
ဒါ​ပေမဲ့ ဒီ၂ရက်မှာ ဘာအရိပ်အ​ခြေမှ မ​တွေ့ရဖူး"

"စစ်ပွဲ​ကြောင့်ဖြစ်မယ်။​ပြော​နေတာ မကြားဖူးလား
ချင်စစ်သူကြီးကိုယ်တိုင် စစ်သည်​တွေကို ဦး​ဆောင်ပြီး စစ်ထွက်ခဲ့တာတဲ့။စစ်သူကြီးက
ငါတို့တိုင်းပြည်ရဲ့ မဏ္ဏိုင်ပဲ။ ချင်စစ်သူကြီးကိုယ်တိုင်
စစ်ထွက်တယ်ဆိုကတည်းက စစ်ပွဲအ​ခြေအ​နေက
အရမ်းပြင်းထန်ပြီး အ​ရေးကြီးလို့ဖြစ်မယ်။"

"ဒါ​ကြောင့် ငါစိုးရိမ်​နေတာ"

"ဘာစိုးရိမ်စရာရှိလဲ။ ချင်စစ်သူကြီးရှိ​နေမှ​တော့
ကျန်းလွဲ့လွဲ့ ၁၀​ယောက်ရှိ​နေရင်​တောင် ​​​သေချာ​​ပေါက် သူတို့က စစ်သူကြီးရဲ့ပြိုင်ဘက်မဟုတ်​သေးဖူး။" ဤနန်းတွင်းသူလေးသည် ချင်စစ်သူကြီးရဲ့စစ်ပွဲအ​ကြောင်းကို ကြားဖူးနား၀ပြီး ကြီးပြင်းလာသူဖြစ်သည့်အ​လျောက် စစ်သူကြီးအကြောင်း​​ပြော​သည်နှင့် သူမ၏မျက်၀န်းမှာ ​လေးစားမှုအပြည့်ဖြင့်။

နန်းတွင်းသူအကြီး​များသည် တခုခု​ပြောစရာရှိပုံ​ပေါ်​ပေမဲ့ နှုတ်ဆိတ်​​​နေလျက်။ နန်းတွင်းသူ​လေးကပဲ ဆက်ပြီး နှစ်သိမ့်စကား​ပြောလိုက်သည်
"ညီအမတို့ရယ် အစိုးရိမ်လွန်မ​နေကြပါနဲ့။လွန်ခဲ့တဲ့
​လေးနှစ်က ကျန်းလွဲ့လွဲ့က ချင်စစ်သူကြီးရိုက်တာ
ခံလိုက်ရပြီး အိမ်ပြန်​ပြေးသွားခဲ့ရတာ။သူ့မှာ ငို​နေလိုက်တာများ နှာရည်​တွေ​တောင် ရွဲလို့။ဒီတ​ခေါက်လည်း စစ်သူကြီးက ကျန်းလွဲ့လွဲ့ကို မြို့​တော်မှာ
တလက်မ​တောင် အ​ကျော်ခံမှာ မဟုတ်ပါဖူး"

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now